ဘိုင်ယန်မြူးနစ်အသင်းဟာ ဩဂုတ် ၂၂ ရက် ညပိုင်းက ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ဂျာမန်စူပါဖလား ဗိုလ်လုပွဲစဉ်မှာ နှစ်ဂိုး-တစ်ဂိုးဖြင့် အနိုင်ရပြီး ဂျာမန်စူပါဖလားကို ဆွတ်ခူးနိုင်ခဲ့ပြီဖြစ်ပါတယ်။
နည်းပြ ကွန်ပနီရဲ့ ဘိုင်ယန်မြူးနစ်အသင်းဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဂျာမန်ဘွန်ဒက်လီဂါဖလားရော ဂျာမန်စူပါဖလားပါ ရယူဆွတ်ခူးနိုင်ခဲ့တာကြောင့် ဂျာမန်စူပါဖလားဗိုလ်လုပွဲကို အမှတ်ပေးဇယား ဒုတိယနေရာက ဒေါ့မွန်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတာလည်းဖြစ်ပါတယ်။
အဆိုပါပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းက ပထမပိုင်းပွဲကစားချိန်အတွင်းရရှိခဲ့တဲ့ နက်သန်နီယယ်ဘရောင်းနဲ့ မီခေးလ်အိုလစ်တို့ရဲ့ သွင်းဂိုးတွေနဲ့ နှစ်ဂိုးပြတ်ဦးဆောင်နိုင်ခဲ့ပါတယ်။
အခုပွဲစဉ်မှာ ဘိုင်ယန်မြူးနစ်အသင်းအတွက် သွင်းဂိုးတစ်ဂိုးသွင်းယူနိုင်ခဲ့တဲ့ တိုက်စစ်မှူးအိုလစ်ဟာ ပြီးခဲ့တဲ့ဘောလုံးရာသီက ဘိုင်ယန်မြူးနစ်အသင်းနဲ့အတူ ပြိုင်ပွဲစုံသွင်းဂိုး ၂၅ ဂိုးအထိ သွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။
ဒေါ့မွန်အသင်းကတော့ ဒုတိယပိုင်းပွဲကစားချိန် ၇၅ မိနစ်ရောက်မှ ဖေဘီယိုဆေးလ်ဗားရဲ့သွင်းဂိုးနဲ့ချေပဂိုးတစ်ဂိုးရရှိခဲ့ပြီး ချေပဂိုးထပ်မံရရှိရေးကြိုးပမ်းရင်း မိနစ် ၉၀ မှာ ဘင်ဆီဘိုင်နီ တိုက်ရိုက်အနီကတ်ပြခံခဲ့ရလို့ ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။
ငွေကြယ်


