စုံစမ်းစစ်ဆေးခံနေရတဲ့ ဘရစ်တနေစပီးယားစ်

 

ဩဂုတ် ၂၂

ကျော်ကြားတဲ့ တေးသံရှင်တစ်ဦးဖြစ်သူ ဘရစ်တနေစပီးယားစ်ဟာ သူ့ရဲ့ အိမ်အကူကို ရိုက်နှက်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရပြီး လတ်တလောမှာ စုံစမ်းစစ်ဆေးခံနေရကြောင်း အေးရှားဝမ်းဒေါ့ကွန်းရဲ့ ရေးသားဖော်ပြချက်တွေအရ သိရပါတယ်။

အသက် ၃၉ နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဘရစ်တနေစပီးယားစ်ဟာ ဗန်ကျူရာဒေသ ရဲအရာရှိဌာနရဲ့ စုံစမ်းစစ်ဆေးမှုတွေကို ခံယူနေရတာဖြစ်ပါတယ်။ သူ့ရဲ့အိမ်မှာ လုပ်ကိုင်ခဲ့တဲ့ ဝန်ထမ်းတစ်ဦးကို ရိုက်နှက်ခဲ့ကြောင်း စွပ်စွဲခံခဲ့ရတာဖြစ်ပြီး ဘရစ်တနေစပီးယားစ်နဲ့ ရင်းနှီးသူတစ်ဦးရဲ့ ပြောကြားချက်အရ သူဟာ အဆိုပါဝန်ထမ်းဆီက ဖုန်းကိုရယူဖို့ ပြုလုပ်ခဲ့တာဖြစ်ပြီး ရိုက်ခဲ့တာ မဟုတ်ဘူးလို့လည်း သိရပါတယ်။

အေးပြည့်