စပိန်နိုင်ငံမှာ ၂၄ နာရီအတွင်း လူပေါင်း ၉၅၀ သေဆုံးပြီးနောက် ၁၀,၀၀၀ ကျော် အထိရှိလာကြောင်း ထုတ်ပြန်

၂ ဧပြီ

 

စပိန်နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် - ၁၉  ရောဂါကြောင့် သေဆုံးသူ ဟာ  ၂၄ နာရီအတွင်းမှာ ၉၅၀ ဦး ရှိခဲ့တာကြောင့် စုစုပေါင်း ၁၀,၀၀၃ ဦးရှိလာပြီး ရောဂါကူးစက်ခံရသူမှာလည်း ၁၁၀,၂၃၈ဦး ဖြစ်လာတယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။

 

စပိန်နိုင်ငံဟာ ကိုရိုနာဗိုင်းရပ်စ် ကိုဗစ် - ၁၉  ရောဂါကြောင့် သေဆုံးသူ ဒုတိယအများဆုံးနိုင်ငံဖြစ်လာပါတယ်။ ရောဂါပိုးကူးစက်နှုန်းဟာလည်း မြင့်နေဆဲဖြစ်ပါတယ်။

 

ကြာသပတေးနေ့မှာ ဗိုင်းရပ်စ်ပိုးကူး စက်နှုန်း ၇.၉ ရာခိုင်နှုန်းရှိပြီး ဗုဒ္ဓဟူးနေ့ရဲ့ ကူးစက်နှုန်းဟာ ၈.၂ ရာခိုင်နှုန်း ရှိခဲ့ပါတယ်။ ပြီခဲတဲ့ သီတင်းပတ် အစပိုင်းကထက် ကူးစက်နှုန်းဟာ ၂၅ ရာခိုင်နှုန်းကျော်များကြောင်း သိရပါတယ်။

 

mdn

 

အလားတူ သေဆုံးနှုန်းကို ကြည့်မယ့်ဆိုရင် ကြာသပတေးနေ့က သေဆုံးနှုန်းမှာ ၁၀.၅ ရာခိုင်နှုန်းရှိပြီး ဗုဒ္ဓဟူးနေ့ရဲ့ သေဆုံးနှုန်းဟာ ၁၀.၆ ရာခိုင်နှုန်းရှိခဲ့ပါတယ်။ သေဆုံးနှုန်းဟာ ပြီခဲ့တဲ့သီတင်းပတ်က ထက် ၂၇ ရာခိုင်နှုန်း တိုးလာကြောင်း သိရပါတယ်။

 

မက်ဒရစ်ဟာ ဗိုင်းရပ်စ်ပိုးဒဏ် အခံရဆုံးဖြစ်ပါတယ်။ သေဆုံးသူဟာ ၄,၁၇၅ ဦးဖြစ်ပြီး ရောဂါကူးစက်ခံရသူမှာလည်း ၃၂,၀၀၀ ဦး ရှိကြောင်း သိရပါတယ်။

 

MDN

ကိုးကား - AFP