စပါးအသင်းနည်းပြကို ခေါ်ယူဖို့ ဘိုင်ယန်မြူးနစ် ပစ်မှတ်ထားနေ

mdn

၂ နိုဝင်ဘာ

 

ဘိုင်ယန်မြူးနစ်အသင်းဟာ နီကိုကိုဗက်ရဲ့နေရာမှာ အစားထိုးဖို့အတွက် စပါးအသင်းနည်းပြ ပိုချက်တီနိုကို ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

 

စပါးအသင်းဟာ ပရီမီယာလိဂ်ပွဲစဉ် ၁၀ ကစားပြီးချိန်မှာ ရမှတ် ၁၂ မှတ်သာရရှိထားခဲ့ပြီး အမှတ်ပေးဇယားအဆင့် ၄ နေရာက အသင်းနဲ့ ရှစ်မှတ်အထိ ကွာဟနေတာဖြစ်ပါတယ်။ အဲဒီလိုရလဒ်ပိုင်း ဆိုးရွားမှုတွေကြောင့် နည်းပြ ပိုချက်တီနိုအနေနဲ့ စပါးအသင်းကနေ ထွက်ခွာမယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေခဲ့တာဖြစ်ပါတယ်။

 

အဲဒါကြောင့် အာဂျင်တီးနားနိုင်ငံသား နည်းပြ ပိုချက်တီနိုကို ဘိုင်ယန်မြူးနစ်အသင်းက ခေါ်ယူဖို့စီစဉ်လာခဲ့တာဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုဟာ ၂၀၁၄ ခုနှစ်ကတည်းက စပါးအသင်းကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။

 

ငွေကြယ်