စပါးအသင်းဟာ အောက်တိုဘာ ၁၉ ရက် ညပိုင်းက ကိုဗင်ထရီအသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ အနိုင်ရရှိခဲ့တာကြောင့် ယခုဘောလုံးရာသီ ပရီမီယာလိဂ်နိုင်ပွဲ စတင်ရရှိခဲ့ပြီဖြစ်ပါတယ်။ စပါးအသင်းနဲ့ ကိုဗင်ထရီအသင်းတို့ပွဲစဉ်မှာ အိမ်ရှင်အဖြစ် ဧည့်ခံကစားခဲ့ရတဲ့ စပါးအသင်းက သုံးဂိုး-တစ်ဂိုးဖြင့် အနိုင်ရရှိခဲ့ပါတယ်။
အဲဒီပွဲစဉ်မှာ စပါးအသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်းပွဲ ကစားချိန် ၁၄ မိနစ်မှာ မက်ဒီဆင်ကတစ်ဂိုး၊ ၅၈ မိနစ်မှာ အိုမာမာမွတ်ရှ် ကတစ်ဂိုးနဲ့ သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပို ခြောက်မိနစ်မှာ ဘန်ဒေးဗီးစ်က တစ်ဂိုးသွင်းယူ ပေးခဲ့ပြီး ကိုဗင်ထရီအသင်းအတွက် ချေပဂိုးတစ်ဂိုးကိုတော့ ပွဲကစားချိန် ၄၉ မိနစ်မှာ ရူဒိုနီကသွင်းယူပေးခဲ့တာ ဖြစ်ပါတယ်။
မက်ဒီဆင်ဟာ ကစားသမားဘဝကို ကိုဗင်ထရီအသင်းနဲ့စတင်ခဲ့တာဖြစ်ပြီး အသင်းဟောင်းကို ပြန်လည်ဂိုးသွင်းယူနိုင်ခဲ့တာဖြစ်ပါတယ်။ စပါးအသင်းအနေနဲ့ ကိုဗင်ထရီအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီယာလိဂ်ပွဲစဉ်(၇)အပြီးမှာ တစ်ပွဲနိုင်၊ သုံးပွဲသရေ၊ သုံးပွဲရှုံး ရမှတ်ခြောက်မှတ်ဖြင့် အမှတ်ပေးဇယားအဆင့် (၁၆)နေရာမှာ ရပ်တည်နေပါတယ်။ ကိုဗင်ထရီအသင်းကတော့ စပါးအသင်းအောက် ပရီမီယာလိဂ်အဆင့်(၁၇)နေရာမှာ ရပ်တည်နေပါတယ်။
ငွေကြယ်


