COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိ

(၁၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီ

 

၁။ (၁၂-၇-၂၀၂၀) ရက်နေ့အတွက် COVID-19 ရောဂါ ဓာတ်ခွဲစစ်ဆေးရာတွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL)မှ ဓာတ်ခွဲနမူနာ(၇၄၇)ခု၊ ဆေးသုတေသနဦးစီးဌာန (DMR)မှ ဓာတ်ခွဲနမူနာ (၂၀၉) ခုနှင့် ပြည်သူ့ကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (မန္တလေး) (PHL, Mandalay) မှ ဓာတ်ခွဲနမူနာ (၁၄၃) ခု၊
စုစုပေါင်း (၁,၀၉၉)ခု အား ယနေ့ ညနေတွင် စစ်ဆေးပြီးစီးခဲ့ရာ -

 

• COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြု လူနာသစ် (၁) ဦးတွေ့ရှိရပါသည်။

 

၂။ (၁၂-၇-၂၀၂၀) ရက်နေ့၊ ည (၈:၀၀)နာရီအထိ မြန်မာနိုင်ငံတွင် COVID-19 ရောဂါဓာတ်ခွဲ အတည်ပြုလူနာ (၃၃၁) ဦး ရှိပြီဖြစ်ပါသည်။

 

၃။ (၁၂-၇-၂၀၂၀)ရက်နေ့တွင် အမျိုးသားကျန်းမာရေး ဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) (NHL) မှ စစ်ဆေးခဲ့သည့် ဓာတ်ခွဲနမူနာများအနက် လွှတ်တော်အသီးသီး၏ (၁၇)ကြိမ်မြောက် ပုံမှန်အစည်းအဝေးသို့ တက်ရောက်မည့် အမျိုးသားလွှတ်တော်နှင့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် (၄၅၂)ဦးနှင့် အထောက်အကူပြုအဖွဲ့ဝင် (၁၀)ဦး၊ စုစုပေါင်း (၄၆၂)ဦး၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မတွေ့ရှိပါ။

 

၄။ ဓာတ်ခွဲအတည်ပြု လူနာဟောင်း (old confirmed case) များ၏ ဓာတ်ခွဲနမူနာများတွင် (၂) ကြိမ်ဆက်တိုက် ရောဂါပိုးမတွေ့ရှိသူ (၁)ဦး (Case-248) ရှိသဖြင့် ယနေ့အထိ ရောဂါပိုးကင်းစင်လာသူ စုစုပေါင်း (၂၆၁) ဦးရှိပါသည်။ ၎င်းတို့အနက် (၂၄၈) ဦးအား ဆေးရုံမှဆင်းခွင့်ပြုခဲ့ပြီးဖြစ်ကာ သတ်မှတ်နေရာများတွင် အသွားအလာ ဆက်လက်ကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိပါသည်။

 

၅။ ဓာတ်ခွဲအတည်ပြုလူနာများအနက် သေဆုံးသူ (၆)ဦး ရှိပါသည်။

 

၆။ (၁၁-၇-၂၀၂၀) ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီမှ (၁၂-၇-၂၀၂၀)ရက်နေ့၊ နေ့လယ် (၁၂:၀၀) နာရီအတွင်း တွေ့ရှိရသော စောင့်ကြည့်လူနာအသစ် (၃၀) ဦး ရှိပါသည်။

 

(၁၂-၂-၂၀၂၀ ရက်နေ့အတွက် ဓာတ်ခွဲစစ်ဆေးမှုများ ပြီးစီးပြီဖြစ်သည့်အတွက် ယနေ့အတွက် ထပ်မံထုတ်ပြန်ရန် ဓာတ်ခွဲစစ်ဆေးမှု အဖြေသတင်း မရှိတော့ပါ။)

 

Ref: ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန

 107694415 10678935