COVID-19 ရောဂါ စောင့်ကြပ်ကြည့်ရှုမှုနှင့်ပတ်သက်၍ သတင်းထုတ်ပြန်ခြင်း

(၂၈-၃-၂၀၂၀) ရက်နေ့၊ ည (၈:၀၀) နာရီ

 

၁။       ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနသည် ကမ္ဘာ့နိုင်ငံများတွင် ကူးစက်ပျံ့နှံ့လျက်ရှိသည့် COVID-19 လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါဖြစ်ပွားမှုဖြစ်စဉ်နှင့်ပတ်သက်၍ ရောဂါစောင့်ကြပ်ကြည့်ရှုခြင်း လုပ်ငန်းများအား အပြည်ပြည်ဆိုင်ရာ ဝင်ပေါက်၊ ထွက်ပေါက်ဂိတ် များတွင်လည်းကောင်း၊ ဆေးရုံအခြေပြုအဖြစ်လည်းကောင်း၊ ပြည်သူလူထုအခြေပြု စောင့်ကြပ် ကြည့်ရှုခြင်းလုပ်ငန်းများဖြင့်လည်းကောင်း၊ ပုဂ္ဂလိကဆေးရုံများနှင့် ပူးပေါင်း၍လည်းကောင်း ဆောင်ရွက်လျက်ရှိပါသည်။

 

၂။         (၂၇-၃-၂၀၂၀) ရက်နေ့၊ ညနေ (၆) နာရီမှ (၂၈-၃-၂၀၂၀) ရက် နေ့၊ ညနေ (၆) နာရီအထိ စောင့်ကြည့်လူနာအသစ် (၅၅) ဦး ရှိပါသည်။

 

၃။         အမျိုးသားကျန်းမာရေးဓာတ်ခွဲမှုဆိုင်ရာဌာန (ရန်ကုန်) မှ (၂၈-၃-၂၀၂၀) ရက်နေ့၊ ည (၈)နာရီ ဓာတ်ခွဲစစ်ဆေးမှုအဖြေများအရ စောင့်ကြည့်လူနာနှင့် ဆေးရုံတွင် အသွားအလာကန့်သတ်၍ စောင့်ကြပ်ကြည့်ရှုလျက်ရှိသော လူနာ (၄၄) ဦး၏ ဓာတ်ခွဲနမူနာများအား စစ်ဆေးခဲ့ရာ လူနာ အားလုံး ၏ ဓာတ်ခွဲအဖြေများတွင် COVID-19 ရောဂါပိုး မရှိကြောင်း (မရှိကြောင်း) တွေ့ရှိရပါသည်။

 

၄။         COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာ (၈) ဦးအနက် ချင်းပြည်နယ်၊ တီးတိန်ပြည်သူ့ ဆေးရုံတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ ရန်ကုန်မြို့၊ ဝေဘာဂီအထူးကုဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၄) ဦးနှင့် မန္တလေးမြို့၊ ကန်တော်နဒီဆေးရုံတွင် ကုသမှုခံယူလျက်ရှိ သော လူနာ (၁) ဦး၊ နေပြည်တော်ပြည်သူ့ဆေးရုံကြီးတွင် ကုသမှုခံယူလျက်ရှိသော လူနာ (၁) ဦး၊ စုစုပေါင်း (၇) ဦးတို့၏ ကျန်းမာရေးအခြေအနေမှာ သက်သာကောင်းမွန်လျက်ရှိပါသည်။ ရန်ကုန် ပြည်သူ့ဆေးရုံကြီးမှ ဓာတ်ခွဲအတည်ပြုလူနာအား (၂၇-၃-၂၀၂၀) ရက်နေ့တွင် ဝေဘာဂီအထူးကု ဆေးရုံကြီးသို့ လွှဲပြောင်းကုသမှုခံယူစေခဲ့ပြီး အထူးကြပ်မတ်ခန်း၌ သီးခြားထားရှိ၍ ဆေးကုသမှုပေး လျက်ရှိပါသည်။

 

၅။        ယခုအခါ မြန်မာနိုင်ငံတွင် COVID-19 ရောဂါ ဓာတ်ခွဲအတည်ပြုလူနာများ တွေ့ရှိလာသဖြင့် အဆိုပါလူနာများနှင့် အနီးကပ်ထိတွေ့ဆက်စပ်မှုရှိသူများအား ရှာဖွေဖော်ထုတ်ပြီး အသွားအလာ တားမြစ်ပိတ်ပင်၍ စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိပါသည်။ ပြည်သူလူထု အနေဖြင့် ကျန်းမာရေးနှင့်အားကစားဝန်ကြီးဌာနမှ ထုတ်ပြန်ထားသော ရောဂါကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးပညာပေးအချက်အလက်များအား တိကျစွာလိုက်နာ ဆောင်ရွက်ရန် နှိုးဆော်အပ်ပါ သည်။

 

Crd > Ministry of Health and Sports, Myanmar