စဉ့်ကူးမြို့နယ်တွင် တောမီးမှတစ်ဆင့် ရွှေလုပ်ကွက် ကုမ္ပဏီဝင်းဟောင်းအတွင်း မီးကူးစက်လောင်ကျွမ်း

စဉ့်ကူး  ၃၁   မတ် 

မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင် စဉ့်ကူးမြို့နယ် ရှောက်ပင်ရိုးကျေးရွာအုပ်စု၊ ကျည်တောက်ပေါက် ကျေးရွာ သရက်ချောင်းကွက်ရပ် ရွှေလုပ်ကွက်အမှတ် (SGU-241) ရွှေရောင်တောက်ပသောလစန္ဒာ ကုမ္ပဏီဝင်း ဟောင်းအတွင်း မတ် ၃၀ ရက် မွန်းလွဲ ၂ နာရီ ခွဲ တွင် တောမီးမှတစ်ဆင့် မီးကူးစက်လောင်ကျွမ်းခဲ့ကြောင်း သိရသည်။

မီးလောင်ရာသို့ ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်နီလင်း၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးချမ်းပြည့်ကျော် နှင့်မီးသတ်တပ်ဖွဲ့ဝင်များ၊ သပိတ်ကျင်းမြို့နယ်မီးသတ်ဦးစီးမှူး ဦးနိုင်ဦးနှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ ကျည်တောက် ပေါက်၊ ငါးပြားပေး၊ ချောင်းကြီးကျေးရွာတို့မှ အရန်မီးသတ်တပ်ဖွဲဝင်များ၊ ကျေးရွာပြည်သူများပူးပေါင်း၍ မီငြှိမ်း သတ်ယာဉ်(၃)စီးတို့ဖြင့် မီးငြှိမ်းသတ်ခဲ့ရာ ညနေ ၃ နာရီခွဲခန့်တွင် မီးလုံးဝမီးငြိမ်းသွားခဲ့သည်။

အဆိုပါ မီးလောင်မှုကြောင့် ပေ(၂၀x၂၀) သွပ်မိုး၊ ထရံကာ၊ မြေစိုက် ပေပါဟောင်း ဂိုထောင်(၁)လုံး ၊ ပေ (၂၁x၁၅) သွပ်မိုး၊ ထရံကာ၊ ဝါးကြမ်းခင်းလူနေအိမ် (၁)လုံး ၊ ပေ(၄၀x၂၀) သွပ်မိုး၊ ထရံကာ မြေစိုက်လူနေအိမ် (၁)လုံး မီးလောင်ဆုံးရှုံးခဲ့ပြီး လူနှင့်တိရစ္ဆာန် တစ်စုံတစ်ရာ ထိခိုက်မရှိကြောင်း သိရသည်။


မင်းဇော်ဦး(ပြန်/ဆက်)