စဉ့်ကူးမြို့၌ မြို့နယ်လုံးဆိုင်ရာ ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

စဉ့်ကူး အောက်တိုဘာ ၂၈

 

မန္တလေးတိုင်းဒေသကြီး စဉ့်ကူးမြို့ရွှေမုဋ္ဌောဘုရား၌ ပထမအကြိမ် စဉ့်ကူးမြို့နယ်လုံးဆိုင်ရာ ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲကို ယနေ့နံနက်ပိုင်းက ကျင်းပသည်။

 

ဦးစွာ စဉ့်ကူးမြို့နယ် သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ရွာတော်လေး ချမ်းမြေ့သာစည်ကျောင်းတိုက် ဆရာတော် ဦးဝရသာမိထံမှ သြဝါဒတရားတော်များ နာယူကြသည်။

 

ဆက်လက်၍ ဓမ္မစကြာဝတ်ရွတ်ပြိုင်ပွဲ ဆုချီးမြှင့်ပွဲ ကျင်းပရာ ပထမဆုရရှိသော အမှတ်(၁)ရပ်ကွက် ဟိတေသီအသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ၊ ဒုတိယဆုရရှိသော တောင်အင်းကျေးရွာအသင်းအား မြို့နယ်ရဲတပ်ဖွဲ့မှူးရဲမှူး၊ တတိယဆုရရှိသော ကျွန်းစည်ကျေးရွာ ဓမ္မစာရီဝတ်အသင်းအား မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ၊ နှစ်သိမ့်ဆု(၁)ရရှိသော ဆည်ကြီးကျေးရွာ ရတနာ့ဂုဏ်ရည်ဝတ်အသင်းအား ဗိုလ်မှူး မင်းထက်အောင်နှင့် နှစ်သိမ့်ဆု(၂)ရရှိသော ညောင်ဝန်းကျေးရွာ ပုညကာရီဝတ်အသင်းအား မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီ အဖွဲ့ဝင်တို့က ဆုများပေးအပ်ချီးမြှင့်သည်။

 

အဆိုပါ ဝတ်ရွတ်ပြိုင်ပွဲကို သီတင်းကျွတ်လပြည့်နေ့ နံနက်ပိုင်းမှစ၍ လပြည့်ကျော် ၁ ရက်အထိ ဝတ်ရွတ်အသင်း ၂၃ သင်းတို့က ပါဝင်ယှဉ်ပြိုင်ကြရာ ပထမဆုငွေကျပ် ၁၀ သိန်း၊ ဒုတိယဆု ငွေကျပ် ခုနစ်သိန်း၊ တတိယဆု ငွေကျပ် ငါးသိန်း၊ နှစ်သိမ့်ဆု တစ်ဆုလျှင် ငွေကျပ် သုံးသိန်းနှုန်းဖြင့် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။

တင်ဇာလွင်(ပြန်/ဆက်)