စက်သုံးဆီ သယ်ယူပို့ဆောင်သည့်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပို့ဆောင်ခြင်းရှိ/မရှိစစ်ဆေး

နေပြည်တော် စက်တင်ဘာ ၆

 

ပြည်ထောင်စုနယ်မြေ နေပြည်တော်အတွင်း ဖြတ်သန်းသွားလာ၍ စက်သုံးဆီသယ်ယူ ပို့ဆောင်ကြသည့် မော်တော်ယာဉ်များအား သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ယူပို့ဆောင်ခြင်းရှိ/မရှိ ကြီးကြပ်စစ်ဆေးခြင်းကို စက်တင်ဘာ ၅ ရက်တွင် ပျဉ်းမနားမြို့နယ် ပရွက်ဆိတ်ကုန်းကျေးရွာ အောင်ငြိမ်းစေစက်သုံးဆီ အရောင်းဆိုင်ရှေ့ ရန်ကုန်-မန္တလေး (မြို့ရှောင်လမ်း)၌ ဆောင်ရွက်သည်။

 

ထိုသို့ စစ်ဆေးရာတွင် နေပြည်တော် ရေနံနှင့်ရေနံထွက် ပစ္စည်းဆိုင်ရာ လုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီအဖွဲ့ဝင်များ ဖြစ်ကြသည့် ရေနံထွက်ပစ္စည်း ကြီးကြပ်စစ်ဆေးရေးဦးစီးဌာန နေပြည်တော် ကြီးကြပ်စစ်ဆေးရေးအရာရှိရုံးမှ ညွှန်ကြားရေးမှူး ဦးလှမျိုးထွန်းနှင့် တာဝန်ရှိသူများက စက်သုံးဆီ သယ်ယူပို့ဆောင်သည့် ယာဉ်များတွင် စက်သုံးဆီသယ်ယူခွင့် မျှောစာများပါရှိခြင်း ရှိ/မရှိ၊ သတ်မှတ်စည်းကမ်းချက်များနှင့်အညီ သယ်ဆောင်ခြင်း ရှိ/မရှိ တို့ကို စစ်ဆေးခဲ့ကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)