ပရီမီယာလိဂ်ပွဲစဉ် (၄) ရဲ့ စက်တင်ဘာ ၁၂ ရက် နောက်ဆုံးပွဲစဉ်ဖြစ်တဲ့ ဆန်းဒါးလန်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ ဧည့်သည်အဖြစ် လာရောက်ကစားခဲ့တဲ့ အာဆင်နယ်အသင်းက ဂိုးပြတ်အနိုင်ရရှိခဲ့ပါတယ်။
ဆန်းဒါးလန်းအသင်းနဲ့ အာဆင်နယ်အသင်းတို့ပွဲစဉ်မှာ အာဆင်နယ်အသင်းက နှစ်ဂိုးပြတ်ဖြင့် အနိုင်ရရှိခဲ့တာဖြစ်ပြီး အာဆင်နယ်အသင်းအတွက် သွင်းဂိုးတွေကို ဂွီမာရေ့စ်က တစ်ဂိုး၊ ဆာကာက တစ်ဂိုး အသီးသီးသွင်းယူပေးခဲ့တာဖြစ်ပါတယ်။
အိမ်ရှင်ဆန်းဒါးလန်းအသင်းကတော့ ချေပဂိုးပြန်လည်ရရှိရေး ကြိုးပမ်းရင်း သာမန်ပွဲကစားချိန်အပြီး နာကျင်အချိန်ပိုခြောက်မိနစ်မှာ မန်ဒါဗာ နှစ်ဝါ တစ်နီနဲ့ ထုတ်ပယ်ခံရလို့ ကစားသမားတစ်ယောက်လျော့နဲ့ ကစားခဲ့ရတာဖြစ်ပါတယ်။
အာဆင်နယ်အသင်းဟာ ဆန်းဒါးလန်းအသင်းကို အနိုင်ရရှိခဲ့တာကြောင့် ပရီမီယာလိဂ်ပွဲစဉ်(၄)ယှဉ်ပြိုင်ကစားပြီးချိန်မှာ လေးပွဲစလုံးအနိုင်ရရှိခဲ့မှုနဲ့အတူ ရမှတ် ၁၂ မှတ်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယားထိပ်ဆုံးမှာ ဦးဆောင်နိုင်ခဲ့တာဖြစ်ပါတယ်။ ဆန်းဒါလန်းအသင်းက ဒုတိယပိုင်းပွဲကစားချိန် ၅၄ မိနစ်မှာ ပင်နယ်တီသွင်းဂိုး ရရှိခဲ့ပေမယ့် ကန်ဇိုလီဖီးရဲ့ သွင်းဂိုးက ဂိုးအဖြစ်မပြောင်းလဲနိုင်ခဲ့လို့ ဆန်းဒါးလန်းအသင်း ချေပဂိုးနဲ့ ဝေးခဲ့ရတာ ဖြစ်ပါတယ်။
ဆန်းဒါးလန်းအသင်းကတော့ အာဆင်နယ်အသင်းကို ရှုံးနိမ့်ခဲ့လို့ ပရီမီယာလိဂ် ပွဲစဉ် (၄) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ်လေးမှတ်သာစုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယားအဆင့် (၁၄) နေရာမှာရပ်တည်နေတာဖြစ်ပါတယ်။
ငွေကြယ်


