ဆိုင်ကလုန်းမုန်တိုင်းသတင်း အမှတ်စဉ်(ဝ၆/၂၀၂၀)

(၂၀၂၀ ပြည့်နှစ်၊ နိုဝင်ဘာလ  ၂၄  ရက်)        (မြန်မာစံတော်ချိန်(၁၁:၃၀)နာရီအချိန်ထုတ်ပြန်ချက်)

 

 (က) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)အခြေအနေ

 

 (၁) ယနေ့မြန်မာစံတော်ချိန် (၁၀:၃၀)နာရီအချိန် တိုင်းထွာချက်များအရ

 

ဘင်္ဂလား ပင်လယ်အော်အနောက်တောင်ပိုင်းတွင် ဖြစ်ပေါ်နေသော အားကောင်းသော မုန်တိုင်းငယ် (Deep Depression) သည် အနောက်-အနောက်မြောက်ဘက်သို့ ရွေ့ လျားခဲ့ပြီး၊ ဆိုင်ကလုန်း မုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)အဖြစ်သို့ ရောက်ရှိခဲ့ကာ၊ အိန္ဒိယနိုင်ငံ၊ ပူဒူချယ်ရီ (Puducherry)မြို့၏ အရှေ့-အရှေ့တောင် ဘက် ရေမိုင် (၂၂၀)မိုင်ခန့်နှင့် ချင်းနိုင် (Chennai)မြို့၏ အရှေ့တောင်ဘက် ရေမိုင်(၂၄၅)မိုင်ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။

 

(၂) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)၏ လက်ရှိအခြေအနေ မှာ မြန်မာနိုင်ငံဘက်သို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိပါသဖြင့် အဝါရောင် အဆင့်ဟု သတ်မှတ်ပါသည်။

 

(ခ) ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)၏ တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)သည် မြန်မာစံ တော်ချိန် (၁၀:၃၀)နာရီအချိန်တွင် မြောက်လတ္တီကျု (၁၀.ဝ)ဒီဂရီနှင့် အရှေ့ လောင်ဂျီကျု (၈၃.ဝ)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၉၉၆) ဟက်တိုပါ စကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် မိုင်(၄၀)နှုန်းဖြစ်ပါသည်။

 

(ဂ) နောက်(၃၆)နာရီအတွင်းခန့်မှန်းချက်

 

 

အဆိုပါ ဆိုင်ကလုန်းမုန်တိုင်း(Cyclonic Storm) နီဗာ(NIVAR)သည် နောက် (၂၄)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း (Severe Cyclonic Storm) နီဗာ(NIVAR) အဖြစ်သို့ ရောက်ရှိနိုင်ပြီး၊ အနောက်-အနောက်မြောက် ဘက်သို့ ရွေ့လျားကာ၊ နိုဝင်ဘာလ(၂၅)ရက်နေ့တွင် အိန္ဒိယနိုင်ငံ၊ တမီးလ်နာဒူး (Tamil Nadu)ကမ်းခြေနှင့် ပူဒူချယ်ရီ (Puducherry)ကမ်းခြေအနီးမှ ဖြတ် ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါသည်။

 

mdn

 

Crd-မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှု ဦးစီးဌာန