ဆိပ်ဖြူ စက်တင်ဘာ ၁၃
မကွေးတိုင်းဒေသကြီး ဆိပ်ဖြူမြို့နယ်တွင် ၂၀၂၆ ခုနှစ် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဆေးရောင်စုံ ပန်းချီပြိုင်ပွဲ ဆုပေးပွဲကို ယနေ့နံနက်ပိုင်းက မြို့နယ်လူထု အခြေပြုဗဟိုဌာန၌ ကျင်းပသည်။
ရှင်းလင်းပြောကြား
အဆိုပါ အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်နန္ဒာလှိုင်က လူကုန်းကူးမှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ပန်းချီပြိုင်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် လူကုန်ကူးခံရခြင်းမှ ကာကွယ်ရေးအသိပညာများကို ရှင်းလင်းပြောကြားသည်။
ထို့နောက် ဆေးရောင်စုံပန်းချီပြိုင်ပွဲတွင် ဆုရကျောင်းသားများအား မြို့နယ်ဦးစီးအရာရှိနှင့် တာဝန်ရှိသူများက ဆုချီးမြှင့်ပေးအပ်ပြီး ပြိုင်ပွဲဝင်ခဲ့သည့် ကျောင်းသား ကျောင်းသူများအား အမှတ်တရလက်ဆောင်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


