ဆေးလိပ်သောက်သူ အမျိုးသား ဦးရေ ကျဆင်းသွားကြောင်း WHO ထုတ်ပြန်

၁၉ ဒီဇင်ဘာ

 

ဆေးလိပ်သောက်သူ အမျိုးသား ဦးရေ ပထမဦးဆုံးအကြိမ်အဖြစ် ကျဆင်းသွားကြောင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ထုတ်ပြန်လိုက်ပါတယ်။ 

 

ဆေးလိပ်သောက်သူ အမျိုးသမီးအရေအတွက်ကျဆင်းနေတာ နှစ်ပေါင်းများစွာကြာပြီဖြစ်ပေမယ့် အမျိုးသားဦးရေကျဆင်းတာဟာ ပထမဦးဆုံးအကြိမ်ဖြစ်ပါတယ်လို့ ဒီကနေ့(ကြာသပတေးနေ့) မှာ WHO က ပြောကြားပါတယ်။ 

 

ဆေးလိပ်ကြောင့် တစ်နှစ်ကို လူပေါင်း ၈ သန်းလောက် သေဆုံးတဲ့အတွက် ဆေးလိပ်သောက်သုံးခြင်းကို ပိုပြီး လျော့ချဖို့လိုအပ်ကြောင်း သတိပေးပါတယ်။ 

 

5

 

နှစ်ပေါင်းနှစ်ဆယ်အတွင်းမှာ လူဦးရေတိုးပွားလာပေမယ့် ဆေးလိပ်သောက်သူ သန်းပေါင်း ၆၀ လောက် ကျဆင်းသွားတာဖြစ်ပါတယ်။ ၂၀၀၀ ခုနှစ်က ၁ ဒသမ ၃၉၇ ဘီလီယံ ရှိပြီး ၂၀၁၈ ခုနှစ်မှာ ၁ ဒသမ ၃၃၇ ဘီလီယံ အထိရှိ သွားတာကို တွေ့ရပါတယ်။  

 

၂၀၀၀ ခုနှစ်တွင် အမျိုးသမီးကြီး၊ငယ် ဆေးလိပ်သောက်သုံးသူ ၃၄၆ သန်းရှိရမှာ ပြီးခဲ့တဲ့နှစ်တွင် ၂၄၄ သန်း အထိ ကျဆင်းခဲ့ပါတယ်။ အလားတူနှစ်တွင် အမျိုးသားဦးရေဟာ ၁ ဒသမ ၀၅ ဘီလီယံ ကနေ ၁ ဒသမ ၀၉၃ ဘီလီယံအထိ သန်းလေးဆယ်လောက် တိုးမြှင့်ခဲ့ပေမယ့် ၂၀၁၉ ခုနှစ်မှု ၈၀ ရာခိုင်နှုန်းကျော်သော အမျိုးသားတွေဟာ ဆေးလိပ်သောက်သုံးခြင်းကို စတင်စွန့်လွှတ်တာကို တွေ့ရပါတယ်။ 

 

အခုလို ဆေးလိပ်သောက်သုံးသူ ဦးရေကျဆင်းတာဟာ ကမ္ဘာတစ်ဝန်းမှာ အခွန်တိုးမြှင့် ကောက်ခံခြင်း၊ လူအများသွားလာရာ နေရာတွေတွင် ဆေးလိပ်သောက်သုံးခွင့် တားမြစ်ခြင်းနဲ့ တိုဘာကို ပစ္စည်းများ အရောင်းမြှင့်တင်ခြင်းကို တားမြစ်ခြင်းတွေကြောင့် လို့ ပြောပါတယ်။ 

 

အခုထုတ်ပြန်ကြေညာချက်မှာ စီးကရက်၊ ဆေးပြင်းလိပ်၊ ပြောင်း၊ ရေဖြတ်ပြောင်း၊ မီးခိုးငွေ့မထွက်တဲ့ ခရေတက် (kretek) နဲ့ တိုဘာကို ကို မီးရှို့ပြီး ရူတဲ့ အရာများ သောက်သုံးသူတွေအပေါ် သာ စာရင်းပြုစုထားပေမယ့် အီးစီးကရက် သောက်သုံးသူများတော့ ပါဝင်ခြင်းမရှိပါဘူးလို့ ပြောပါတယ်။ 

 

MDN
ကိုးကား- AFP