နာမည်ကြီး ဆားဘီးယားတင်းနစ်အကျော်အမော် နိုဗက်ခ်ဂျိုကိုဗစ်သည် တရုတ်နိုင်ငံ ပေကျင်းမြို့၌ အောက်တိုဘာ ၆ ရက်က ကျင်းပခဲ့သည့် တရုတ်အိုးပင်းတင်းနစ်အမျိုးသားတစ်ဦးချင်းပြိုင်ပွဲ နောက်ဆုံး ဗိုလ်လုပွဲတွင် ပြိုင်ဘက် ဩစတြေးလျတင်းနစ်ကစားသမား အဲလက်စ် ဒီမီနောကို အနိုင်ရရှိကာ ဖလားဆွတ်ခူးနိုင်ခဲ့သည်။
၎င်းသည် ပြိုင်ဘက်တင်းနစ်ကစားသမား ဒီမီနောဒဏ်ရာကြောင့် ပြိုင်ပွဲပြီးဆုံးသည်အထိ ဆက်လက်ယှဉ်ပြိုင်နိုင်ခြင်း မရှိတော့သည့်အတွက် တရုတ်အိုးပင်းဖလားကို ခုနစ်ကြိမ်မြောက် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
၎င်းသည် တရုတ်အိုးပင်းပြိုင်ပွဲတွင် ရှုံးပွဲမရှိစံချိန်မှတ်တမ်းကို ဆက်လက်ထိန်းသိမ်းနိုင်ခဲ့ပြီး တင်းနစ်ကစားသမားဘဝ (၁၀၂) ကြိမ်မြောက်ဖလားကို ဆွတ်ခူးရရှိခဲ့ခြင်းလည်းဖြစ်သည်။ ထို့ကြောင့် ၎င်းသည် ရော်ဂျာဖက်ဒဲရား၏ (၁၀၃)ကြိမ်မြောက် စံချိန်ကို လိုက်မီရန် တစ်ကြိမ်သာ လိုအပ်တော့သည်။
ဂျိုကိုဗစ်သည် တစ်နှစ်လျှင် အနည်းဆုံး ဖလားတစ်လုံးဆွတ်ခူး နိုင်သည့် စံချိန်မှတ်တမ်းကို ၂၁ နှစ်ဆက် ထိန်းထားနိုင်ခဲ့သည်။ ၎င်းသည် တရုတ်အိုးပင်းပြိုင်ပွဲတစ်လျှောက်တွင် အလက်ဇန္ဒြား ဇဗဲရက်ဗ်၊ ဒါနီအဲလ် မက်ဗီဒက်ဖ် စသည့် ထိပ်တန်းအဆင့် တင်းနစ်အကျော်အမော်များကို ကျော်ဖြတ်ကာ တရုတ်အိုးပင်းဖလားကို ထိုက်ထိုက်တန်တန် ဆွတ်ခူးနိုင်ခဲ့ခြင်းဖြစ်သည်။
အောင်ဇော်


