စေတနာ၊ မေတ္တာ အေးမြသည့်အရိပ်အာဝါသ

နေပြည်တော် စက်တင်ဘာ ၉

 

ပြည်ပနိုင်ငံအသီးသီးတွင် အကြောင်းအမျိုးမျိုးဖြင့် သွားရောက်ခဲ့ကြသော မြန်မာ နိုင်ငံသားများ နိုင်ငံအတွင်းသို့နေ့စဉ်ပြန်လည်ဝင်ရောက်နေကြသည်ကို တွေ့နေရသည်။ အထူးသဖြင့် အလုပ် အကိုင်များလုပ်ကိုင်ရန်အတွက် သွားရောက်ခဲ့ကြသူ များဖြစ်သည်။ ကမ္ဘာ့နိုင်ငံများ၌ ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားလာသောအခါ နိုင်ငံသားများ မွေးရပ်မြေနိုင်ငံသို့ပြန်လိုကြသည်။ ပြည်ပရောက်မြန်မာနိုင်ငံသားများ၏ ဆန္ဒများပြည့် ဝခဲ့ကြသည်။

 

“ကိုယ့်လူမျိုးတွေ အပြင်မှာသွားနေတာ ဒုက္ခသုက္ခနဲ့၊ ဒီလိုနေမယ့်အစား ကိုယ့်တိုင်းပြည် အတွင်းမှာ ဘယ်လိုပဲဖြစ်ဖြစ် အေးအတူပူအမျှပေါ့ဗျာ၊ အေးအတူ ပူအမျှအားလုံး။ ကျွန်တော် တို့က၊ အစိုးရဆိုတာ အရိပ်ပါပဲ။ နိုင်ငံတော်ကိုပေးထား တဲ့ အရိပ်တစ်ခုပါပဲ။ ဒီအရိပ်က ပြည်သူပြည်သားတွေ အေးမြတဲ့ဟာကို ခံစားရအောင်ဆိုပြီး ကျွန်တော် ဒါလည်း ကျွန်တော် ဆုံးဖြတ်ပြီးတော့ ခေါ်ခိုင်းတာပါ။ ခေါ်လိုက်ပါ သဘောတူပါတယ်။ အရင်က ပိတ်ပါတယ်။ ခေါ်လို့မရပါဘူး။ ကျွန်တော့်လက်ထက်မှာ အခုအကုန်လုံးကို ပြန်ခေါ်ပါတယ်”ဟု နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ကကိုဗစ်-၁၉ ရောဂါကာကွယ်၊ ထိန်းချုပ်၊ ကုသရေး ဆိုင်ရာ (၁၁) ကြိမ်မြောက် ညှိနှိုင်းအစည်းအဝေးတွင် ပြောကြားခဲ့သည်။

 

ပြည်ပနိုင်ငံများတွင် သွားရောက်နေထိုင်လုပ်ကိုင်ကြသော မြန်မာနိုင်ငံသား များတွင် အိမ်နီးချင်း နိုင်ငံများတွင် သွားရောက်နေထိုင်လုပ်ကိုင်သော မြန်မာ နိုင်ငံသားများမှာ အများဆုံးဖြစ်သည်။ အိမ်နီးချင်းနိုင်ငံများတွင် ကူးစက်မှုမြင့်မား သည့်ကြားမှ မြန်မာနိုင်ငံ သားများအား လိုလို လားလား လက်ခံလျက်ရှိသည်မှာ နိုင်ငံတော်အစိုးရ၏ စေတနာ၊ မေတ္တာတရားပင်ဖြစ်သည်။ အေးမြသည့်နိုင်ငံ၏ အရိပ်အာဝါသအောက်သို့ ပြန်လည် ရောက်ရှိခဲ့ကြသည့် နိုင်ငံသားများ၏ ရင်တွင်း ခံစားချက်များမှာ ပြောမပြတတ်အောင် ဖြစ်ကြပေလိမ့်မည်။ စေတနာ၊ မေတ္တာ အပြည့်အဝထားသော နိုင်ငံတော်အကြီးအကဲအား ကျေးဇူးတင်ကြမည်ဖြစ်ပြီး ပြီးခဲ့သည့်ရက် သတ္တပတ်က ပြန်လည်ရောက်ရှိလာကြသော နိုင်ငံသားအချို့က နိုင်ငံ့မြေကို နမ်းခြင်း၊ လက်အုပ်ချီကန်တော့ခြင်းတို့ဖြင့် လက်တွေ့မြင် တွေ့ ရပါသည်။

 

နိုင်ငံတော်အစိုးရအနေဖြင့် နိုင်ငံသားအားလုံး မည်သည့်နေရာဒေသတွင် နေထိုင်သည် ဖြစ်စေ ပစ်ပယ်ထားခြင်းမရှိပေ။ ပြည်ပရောက် မြန်မာနိုင်ငံသား များအနေဖြင့် ကိုဗစ်-၁၉ ရောဂါကြောင့်ဖြစ်စေ၊ အခြားမည်သည့် အကြောင်းကြောင်းကြောင့်ဖြစ်စေ မိမိနိုင်ငံသို့ ပြန်လာလိုပါက နိုင်ငံတော်အစိုးရကပြန်လည် လက်ခံ ရန် အသင့်ရှိနေသည်ကို တွေ့ရသည်။ ပြည်ပသို့ ရောက်ရှိနေစဉ်အတွင်း အခက်အခဲ အကြောင်း အမျိုးမျိုးရှိပါက သက်ဆိုင်ရာနိုင်ငံ မြန်မာသံရုံးတွင် အကူအညီတောင်းခံ၍ မြန်မာနိုင်ငံသို့ ပြန်လာနိုင်အောင် စီစဉ်ပေးလျက်ရှိသည်။ ဤနိုင်ငံတွင် မွေးဖွားခဲ့သည့် တိုင်းရင်းသားအားလုံး တို့သည် တစ်မြေတည်းတွင် အတူနေထိုင်ခဲ့ကြသော မိသားစုများဖြစ်၍ မိမိတို့အသိတရားဖြင့် ပြန်လာလိုကြ သည်ကို နွေးထွေးစွာ ကြိုဆိုလက်ခံလျက်ရှိသည်။ ။

 

ပြည်ပနိုင်ငံများသည် မည်သို့ပင်တိုးတက်ချမ်းသာပြီး မြန်မာ့မြေသည် ချို့တဲ့နွမ်းပါးသော် လည်း အေးမြသည့် အရိပ်အာဝါသရှိသော မြန်မာ့မြေကိုသာ အားလုံးသည် သတိရလျက် ရှိကြသည်။ ယခုကဲ့သို့ ကိုဗစ်-၁၉ ရောဂါပြဿနာများ နှင့် ရင်ဆိုင်ကြုံတွေ့နေရချိန်တွင် မြန်မာ့မြေသည်သာ စိတ်ချလုံခြုံဆုံးဖြစ်သည်ကို သိလာကြသည်။ နိုင်ငံမှာ မချမ်းသာ သော်လည်း နိုင်ငံသူနိုင်ငံသားများ၏အသက်ရှည် ကျန်းမာရပ်တည်နိုင်ရေးကို အတတ်နိုင် ဆုံး စေတနာအပြည့်ဖြင့် ဆောင်ရွက် ပေးလျက်ရှိသည်။ ယုတ်စွအဆုံး မြန်မာနိုင်ငံအား စုန်ကန်သွားသောသူများကိုပင် ပြစ်မှုကျူးလွန်ထားခြင်းမရှိပါက လက်ခံရန်အသင့်ရှိသည်။ ဤသို့နိုင်ငံတော်က စေတနနာ၊ မေတ္တာထားသည်ကို နားလည်လက်ခံသော နိုင်ငံသားများ အမြောက် အမြားရှိသကဲ့သို့ နားလည်မှုမရှိ နိုင်ငံအပေါ် သစ္စာဖောက်သူများလည်းရှိသည်။ ပြီးခဲ့သည့် ဇွန်လမှစတင်၍ အိမ်နီးချင်းနိုင်ငံရောက် မြန်မာနိုင်ငံသားများ မြန်မာ နိုင်ငံသို့ ပြန်လည် ဝင်ရောက်ခဲ့ကြသည်။ တရုတ်နိုင်ငံမှအပ တစ်ဖက်နိုင်ငံများတွင် ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှု မြင့်မားနေသဖြင့် ရောဂါ ကူးစက်ခံရသူအချို့ ပါလာ ခဲ့သည်။ သို့သော်လည်း ကောင်းသည်။ ဆိုးသည်တို့ကိုမခွဲခြားဘဲ နိုင်ငံသား အားလုံးတို့ အပေါ် မခွဲခြားဘဲ တန်းတူထားခဲ့သည်။ မိမိနိုင်ငံသားများကို စေတနာ၊ မေတ္တာရှေ့ထား၍ ရောဂါစစ်ဆေးပေးခြင်း၊ နေရာချထားခြင်း၊ စောင့်ကြပ်ကြည့်ရှု ခြင်း၊ ကုသမှုပေးခြင်း၊ နေရပ်သို့ထွက်ခွာခွင့်ပြုခြင်းတို့ကို စနစ်တကျဆောင်ရွက် ပေးလျက်ရှိသည်။

သို့ဖြစ်ရာ နိုင်ငံတော်အစိုးရက နိုင်ငံသားများအားလုံးတို့အပေါ်တွင် ထားရှိ သောစေတနာ၊ မေတ္တာတရားများမှန်ကန်မှုကြောင့် မြန်မာနိုင်ငံသို့ ပြန်လည် ရောက်ရှိလာကြသော နိုင်ငံသူ နိုင်ငံသားများ မြန်မာနိုင်ငံ၏ အေးမြသည့် အရိပ်အာဝါသအောက်တွင် စိတ်ချ လုံခြုံစွာ ခိုလှုံလျက်ရှိပါကြောင်း။ ။

ကြေးမုံ