စစ်တွေမြို့ရှိ လောကာနန္ဒာစေတီတော်မြတ်ကြီး၊ အတုလမာရဇိန် ပြည်လုံးချမ်းသာဘုရားကြီးနှင့် ရန်ပြေမာန်ပြေဘုရားကြီးတို့၌ ဆီမီးပူဇော်ပွဲ ကျင်းပ

စစ်တွေ အောက်တိုဘာ ၂၇

 

ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူး၍ ယမန်နေ့ညနေပိုင်းတွင် သီတင်းကျွတ်လပြည့်နေ့(အဘိဓမ္မာ အခါတော်နေ့) ဆီမီးပူဇော်ပွဲနှင့် မီးပုံးပျံလွှတ်တင်ပွဲကို စစ်တွေမြို့ လောကာနန္ဒာစေတီတော်မြတ်ကြီး၌ ကျင်းပသည်။

 

ဆီမီးပူဇော်ပွဲတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးနိုင်ဦးနှင့်ဇနီးတို့သည် ရခိုင်ပြည်နယ်လွှတ်တော်ဥက္ကဋ္ဌ၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်လွှတ်တော်ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်ဝန်ကြီးများနှင့် ၎င်းတို့၏ ဇနီးများ၊ ဌာနဆိုင်ရာများ၊ ဆရာ ဆရာမများ၊ ကျောင်းသား ကျောင်းသူများ၊ ဒေသခံပြည်သူများနှင့်အတူ ဆီမီးထွန်းညှိပူဇော်ကြပြီး စေတီတော်ရင်ပြင်၌ မီးပုံးပျံများ လွှတ်တင်ပူဇော်ကြသည်။

 

ဆက်လက်၍ ကမ်းနားလမ်း၊ ကမ်းနားလမ်းပန်းခြံနှင့် ကမ်းနားလမ်းတစ်လျှောက်တွင် အများပြည်သူ စိတ်အပန်းဖြေ နားနေရန်အတွက် မြေယာရှုခင်းအလှများတွင် အလှမီးများတပ်ဆင်ထားရှိမှုကို ကြည့်ရှုအားပေးပြီး အတုလမာရဇိန် ပြည်လုံးချမ်းသာ ဘုရားကြီး၊ ဝင်္ကပါကွင်းနှင့် ရန်ပြေမာန်ပြေ ဘုရားကြီးတို့တွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ပြည်သူများနှင့်အတူ ဆီမီးထွန်းညှိ ပူဇော်ခြင်းနှင့် မီးပုံးပျံများ လွှတ်တင်ပူဇော်ခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တင်ထွန်း(ပြန်/ဆက်)