စစ်ကိုင်းခရိုင် တရားရုံး အမှုတွဲခန်း အဆောက်အအုံသစ်ဖွင့်

စစ်ကိုင်း စက်တင်ဘာ ၂၃

 

စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းခရိုင် တရားရုံး၏ ၂၀၂၆-၂၀၂၇ ဘဏ္ဍာနှစ် စစ်ကိုင်းတိုင်းဒေသကြီး သဘာဝဘေး ခွင့်ပြုရန်ပုံငွေဖြင့် ဆောက်လုပ်သည့် စစ်ကိုင်းခရိုင်နှင့် ခရိုင်အတွင်းရှိ မြို့နယ်တရားရုံးများ စီရင်ဆုံးဖြတ်ပြီးသော အမှုတွဲများထားရှိရန် အမှုတွဲခန်း အဆောက်အအုံသစ်ဖွင့်ပွဲကို စက်တင်ဘာ ၂၁ ရက်က စစ်ကိုင်းမြို့ ပိုးတန်းရပ်ကွက်ရှိ ခရိုင်တရားရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။

 

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးက အမှာစကားပြောကြားပြီး ပြည့်စိုးစံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အအုံနှင့်ပတ်သက်သော စာရွက်စာတမ်းများနှင့်အတူ အဆောက်အအုံသစ်ကို လွှဲပြောင်းပေအပ်ရာ စစ်ကိုင်းခရိုင် တရားသူကြီးက လက်ခံရယူခဲ့သည်။

 

ထို့နောက် စစ်ကိုင်းတိုင်းဒေသကြီး တရားရေးဦးစီးမှူးက စစ်ကိုင်းခရိုင် တရားရုံး အမှုတွဲခန်းအသစ် ဖြစ်ပေါ်လာရခြင်းနှင့်ပတ်သက်၍လည်းကောင်း၊ တာဝန်ယူဆောက်လုပ်ခဲ့သည့် ပြည့်စိုးစံကုမ္ပဏီမှ တာဝန်ရှိသူတစ်ဦးက အဆောက်အအုံသစ် တည်ဆောက်ခဲ့မှုအခြေအနေ များနှင့်ပတ်သက်၍ လည်းကောင်း ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)