စားအုန်းဆီအရောင်းဆိုင်များ ရည်ညွှန်းစျေးဖြင့် ရောင်းချမှုရှိ၊ မရှိ စစ်ဆေး

ပေါက်ခေါင်း ဩဂုတ် ၂၄

 

ပဲခူးတိုင်းဒေသကြီး ပေါက်ခေါင်းမြို့နယ်တွင် စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပေါက်ခေါင်းမြို့နယ်စားအုန်းဆီ ဖြန့်ဝေရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဝင်များ၊ တာဝန်ရှိသူများနှင့် ပူးပေါင်း၍ ပေါက်ခေါင်းမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကား အရောင်းဆိုင်များအား ရည်ညွှန်းစျေးဖြင့် ရောင်းချမှုရှိ၊ မရှိနှင့် သတ်မှတ်အရေအတွက်အတိုင်း ရောင်းချမှုရှိ၊ မရှိကို ယနေ့နံနက်ပိုင်းက လိုက်လံစစ်ဆေးသည်။

 

ထိုသို့စစ်​​ဆေးရာတွင် ပေါက်ခေါင်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှ မြို့နယ်တာဝန်ခံနှင့် ဝန်ထမ်းများ၊ ပေါက်ခေါင်းမြို့နယ် စားအုန်းဆီဖြန့်ဝေရောင်းချမှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများပူးပေါင်း၍ ပေါက်ခေါင်းမြို့ပေါ်ရှိ စားအုန်းဆီ လက်လီ၊ လက်ကားအရောင်းဆိုင်များမှ ပြည်သူ့အရောင်းဆီများအား ပြည်သူ့များထံသို့ ရည်ညွှန်းစျေးအတိုင်းအပြည့်အဝ ရောင်းချပေးမှု ရှိ/မရှိနှင့် စျေးနှုန်းမြှင့်တင်ရောင်းချနေမှု ရှိ/မရှိအ​ခြေအနေများကို ကွင်းဆင်းကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။  

ဖုန်းကျော်ဇင်(ပြန်/ဆက်)