ကျောက်ပန်းတောင်း သြဂုတ် ၂၃
မန္တလေးတိုင်းဒေသကြီး ကျောက်ပန်းတောင်းမြို့နယ် စားအုန်းဆီ ဖြန့်ဖြူးရောင်းချမှု ကြီးကြပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် တာဝန်ရှိသူများသည် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချသည့် ဆိုင်များတွင် သတ်မှတ်စည်းကမ်းချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိနှင့် တစ်အိမ်ထောင်စုလျှင် စားအုန်းဆီ ၂ ပိဿာ ၅၀ ကျပ်သားနှုန်း ရောင်းချပေးနေမှုကို ယမန်နေ့နံနက်ပိုင်းက ကွင်းဆင်းစစ်ဆေးကြသည်။
ထိုသို့ စစ်ဆေးရာတွင် စားအုန်းဆီ လက်လီ/လက်ကား ဖြန့်ဖြူးရောင်းချနေသည့် အရောင်းဆိုင်များ အနေဖြင့် သတ်မှတ်ရည်ညွှန်း ဈေးနှုန်းအတိုင်း ဗီနိုင်းချိတ်ဆွဲ၍ ဖြန့်ဖြူးရောင်းချခြင်း ရှိ/မရှိ၊ အလေးချိန် မှန်ကန်မှု ရှိ/ မရှိနှင့် ဆီစာအုပ်များကို စနစ်တကျ ထုတ်ပေးခြင်း၊ ခွဲတမ်းအရ ရရှိသော ဆီပိဿာချိန်ကို ဌာနမှ ချမှတ်ထားသော မှန်ခြောက်မှန်နှင့်အညီ ပြည်သူများအား အမှန်တကယ် ရောင်းချပေးနေခြင်းတို့ကို လက်လီ / လက်ကား ကိုယ်စားလှယ် အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ပြီး အရောင်းကိုယ်စားလှယ် တာဝန်ခံများနှင့် စားသုံးသူပြည်သူများအား ရောင်းချမှု / ဝယ်ယူရရှိမှုများကိုရင်းရင်းနှီးနှီး တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
သဲသဲ(ပြန်/ဆက်)


