ချောင်းသာ စက်တင်ဘာ ၂၀
ဧရာဝတီတိုင်းဒေသကြီး ပုသိမ်ခရိုင် မြန်မာနိုင်ငံ လူမှုကယ်ဆယ်ရေးအဖွဲ့၊ ချောင်းသာမြို့အခြေစိုက် ဓမ္မပါလ သဘာဝဘေးအန္တရာယ်နှင့် လူမှုကူညီရေးအသင်းရုံး၌ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် မြို့တွင်းသို့ လှည့်လည်ပရိတ် ရွတ်ဖတ်ခြင်းအခမ်းအနားကို ယနေ့နံနက်ပိုင်းက ပြုလုပ်သည်။
အခမ်းအနားတွင် ဖိတ်ကြားထားသော သံဃာတော်အရှင် သူမြတ်များထံမှ ပရိတ်တရားတော်များ နာယူခြင်း၊ ဗုဒ္ဓါဘိသေက အနေကဇာတင်ခြင်းနှင့် ဝါဆိုသင်္ကန်းများ ဆက်ကပ်လှူဒါန်းခြင်းတို့ကို ပြုလုပ်ခဲ့ကြသည်။
ထို့နောက် ဓမ္မပါလသဘာဝ ဘေးအန္တရာယ်နှင့် လူမှုကူညီရေးအသင်းမှ အသင်းသား အသင်းသူများနှင့် အလှူရှင်များက မြို့သူ မြို့သားများ ဘေးအန္တရာယ် ကင်းရှင်းပြီး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာချမ်းသာကြစေရန် ရည်ရွယ်၍ မြို့တွင်းလမ်းများအတိုင်း လှည့်လည်၍ ပရိတ်တရားတော်များ ရွတ်ဖတ်ပူဇော်ခဲ့ကြကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)


