ဗင်နီဇွဲလားနှင့် ဗြိတိန်နိုင်ငံတို့ သံတမန်ဆက်ဆံရေးအဆင့်ကို မြှင့်တင်ရန် သဘောတူညီ

ကာရာကတ်စ်   စက်တင်ဘာ   ၁၆

ဗင်နီဇွဲလားနှင့် ဗြိတိန်နိုင်ငံတို့က ၎င်းတို့၏ သံတမန်ဆက်ဆံရေးအဆင့်ကို မြှင့်တင်ရန် သဘောတူညီခဲ့ကြကြောင်း ဗင်နီဇွဲလား နိုင်ငံခြားရေးဝန်ကြီးဌာနက ယမန်နေ့တွင် ပြောကြားခဲ့သည်။

ပြောကြား

နှစ်နိုင်ငံ တာဝန်ရှိပုဂ္ဂိုလ်များအကြား ဆွေးနွေးမှုများ ပြုလုပ်ပြီးနောက် နှစ်နိုင်ငံ ဆက်ဆံရေးအဆင့်ကို မြှင့်တင်ရန် သဘောတူညီခဲ့ကြောင်း  ဗင်နီဇွဲလား နိုင်ငံခြားရေး ဝန်ကြီး ဖီးလစ်ပလာဆန်စီယာက ပြောကြားခဲ့ သည်။

ဗြိတိန်နိုင်ငံနှင့် ဗင်နီဇွဲလားတို့သည် သံတမန်ကိုယ်စားပြုမှုအဆင့်ကို သံအမတ်ကြီးအဆင့်အထိ မြှင့်တင်ရန် ရည်ရွယ်ချက်ကို သဘောတူညီခဲ့ကြောင်း ဗြိတိန်ပါလီမန်၏ အမေရိကတိုက် ဘက်စုံပူးပေါင်းဆောင်ရွက်ရေးနှင့် လူ့အခွင့်အရေးဆိုင်ရာ ပါလီမန်လက်ထောက်ဝန်ကြီး ခရစ်အယ်မိုလ်က ပါလီမန်သို့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

၂၀၁၉ ခုနှစ်တွင် အတိုက်အခံခေါင်းဆောင် ဂျူအန်ဂွိုင်ဒိုကို ဗင်နီဇွဲလား၏ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့်အညီ ခန့်အပ်ထားသော ကြားဖြတ်သမ္မတအဖြစ် အသိအမှတ်ပြုခဲ့ချိန်၌ ဗြိတိန်နှင့် ဗင်နီဇွဲလားတို့အကြား ဆက်ဆံရေးပျက်ပြား ခဲ့သည်။

ဇန်နဝါရီ ၃ ရက်နေ့က ကာရာကတ်စ်မြို့တွင် အမေရိကန်၏ စစ်ရေးလှုပ်ရှားမှုတစ်ခု ဖြစ်ပွားခဲ့ပြီးနောက် ဗင်နီဇွဲလားသမ္မတ နီကိုးလက်စ် မာဒူရိုကို ရာထူးမှဖယ်ရှားကာ ထောင်ဒဏ်ချမှတ်ခဲ့သည်။ ယင်းနောက် အမေရိကန်အစိုးရက ဗင်နီဇွဲလားအပေါ် ချမှတ်ထားသော ပိတ်ဆို့အရေးယူမှုအချို့ကို လျှော့ပေါ့ပေးခဲ့ပြီး ရေနံကုမ္ပဏီများနှင့် ရင်းနှီးမြှုပ်နှံမှုဆိုင်ရာ သဘောတူညီချက်များ ရရှိနိုင်ရေးအတွက် လမ်းဖွင့်ပေးခဲ့သည်။

ကိုးကား - အင်န်အိတ်ချ်ကေ

ဘာသာပြန် - အောင်ကျော်ကျော်