ဗိုင်းရပ်စ်ပိုးကို စုပေါင်းအင်အားနဲ့ မတိုက်ခိုက်ရင် သေဆုံးသူ ၂ သန်းဖြစ်လာနိုင်ကြောင်း WHO သတိပေး

၂၆ စက်တင်ဘာ

 

 

ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO ကနေ ကိုရိုနာဗိုင်းရပ်စ်ပိုးကို နိုင်ငံအားလုံးက စုပေါင်း မတိုက်ခိုက်ရင် သေဆုံးသူ ၂ သန်းကျော်အထိ ဖြစ်လာနိုင် WHO က သောကြာနေ့က သတိပေးနေပါတယ်။

 

 

ကမ္ဘာ့ကပ်ရောဂါပိုးကြောင့် သေဆုံးသူ တစ်သန်း နီးပါး ရှိလာချိန်မှာ နိုင်ငံတွေဟာ တစ်သီးတစ်ခြားစီ ကပ်ရောဂါပိုးကို ကိုင်တွယ်ဖြေရှင်းနေမယ်ဆိုရင် နောက်ထပ် လူတစ်သန်းလောက်ရဲ့ အသက်တွေ ထပ်ပေးရနိုင်ကြောင်း၊ နောက်ထပ် တစ်သန်းရဲ့ အသက်တွေ မပေးရခင်မှာ အတူပူးပေါင်း တိုက်ဖျက်ဖို့ လိုအပ်ကြောင်း WHOရဲ့ အရေးပေါ်ဌာနရဲ့ ဒါရိုက်တာ မိုက်ကယ် ရိန်း က သတိပေး ပြောကြား လိုက်ပါတယ်။

 

 

ကိုရိုနာဗိုင်းရပ်စ် ကပ်ရောဂါပိုးကြောင့် သေဆုံးသူဟာ ၉၉၃,၀၀၀ ကျော် သေဆုံးပြီး ကမ္ဘာ့ကပ်ရောဂါပိုး ကူးစက်ခံရသူ စုစုပေါင်း ၃၂.၃ သန်းကျော် ရှိနေပြီဖြစ်ပါတယ်။

 

 

လူ ၁ သန်းနီးပါးရဲ့ အသက်တွေဟာ ကိုးလအတွင်းမှာ ဆုံးရှုံးခဲ့တာဖြစ်ပြီး နောက်ထပ် ကိုးလ အတွင်းမှာ ကာကွယ်ဆေး ရရှိရေးကို မျှော်ကြည့်ခြင်းဟာ ဖြစ်နိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပြီး အဲဒီလုပ်ငန်းစဉ်ဟာ လူတိုင်း ပါဝင်ရမယ့် စီးမံကိန်းကြီးဖြစ်တယ်လို့ ဒါရိုက်တာ ရိန်း က ဆက်ပြောပါတယ်။

 

 

ဉရောပမှာ ပြီးခဲ့တဲ့ စနေနေ့က ပိုးတွေ့သူ ၆၆,၂၇၇ ဦး ရှိကြောင်း မှတ်တမ်းတင်ထားခဲ့ပါတယ်။

 

 

ဉရောပမှာ တုပ်ကွေးရာသီ မစခင်မှာ အခုလို ပိုးတွေ့သူ များနေတာက စိုးရိမ်စရာကောင်းတဲ့ လမ်းကြောင်းကို ဦးတည်သွားနိုင်ကြောင်း WHO က သတိပေးထားပါတယ်။

 

 

MDN

ကိုးကား - AFP