ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန် ဇူလိုင် ၂၉

 

ရန်ကုန်တိုင်းဒေသကြီး ဗိုလ်တထောင်မြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းကို ဇူလိုင် ၂၈ ရက် မွန်းလွဲပိုင်းက အမျိုးသားစီမံခန့်ခွဲမှုပညာ ဒီဂရီကောလိပ်ကျောင်း ဘက်စုံသုံး ခန်းမ၌ ကျင်းပသည်။

 

အမှာစကား ပြောကြား

 

ဦးစွာ ဗိုလ်တထောင်မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေး ကော်မတီဥက္ကဋ္ဌ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးမြင့်ဆောင်က အမှာစကား ပြောကြားသည်။

 

ထို့နောက် လူငယ်စကားဝိုင်းကို ကျင်းပရာ စီးပွားရေးနှင့်ဘဏ္ဍာရေးဘာသာရပ်အထူးပြု စတုတ္ထ နှစ်ကျောင်းသူ မသွန်းနှင်းရတနာ က လူငယ်နှင့်ယဉ်ကျေးမှု၊ လုပ်ငန်းခွင်သုံး အင်္ဂလိပ်စာ ဘာသာရပ်အထူးပြု စတုတ္ထနှစ်ကျောင်းသူ မခိုင်ဇင်သက်က လူငယ်နှင့်စာပေ၊ ခရီးသွား လုပ်ငန်းနှင့် ဧည့်ဝန်ဆောင်မှု စီမံခန့်ခွဲမှုပညာဘာသာရပ် အထူးပြု တတိယနှစ် ကျောင်းသား မောင်ဉာဏ်မင်းမောင်က လူငယ်နှင့် နည်းပညာ၊ စီးပွားရေးလုပ်ငန်းသုံး စီမံခန့်ခွဲမှုပညာ အထူးပြု ဘာသာရပ် စတုတ္ထနှစ်ကျောင်းသား မောင်ဖြိုးမင်းခန့် က လူငယ်နှင့် အားကစား၊ သတင်းအတတ်ပညာ ဘာသာရပ်အထူးပြု တတိယနှစ် ကျောင်းသား မောင်မင်းသန့်ထွဋ် က လူငယ်နှင့်မူးယစ်ဆေးဝါး ခေါင်းစဉ်တို့ဖြင့် ဆွေးနွေးကြကြောင်း သိရသည်။

 

ခင်ဝင်း(ပြန်/ဆက်)