ဗြိတိန်နိုင်ငံမှာ ၁၃ နှစ်အရွယ် ကလေးငယ်အပါအဝင် လူပေါင်း ၃၈၁ ဦး ၂၄ နာရီအတွင်း သေဆုံး

ဧပြီ

 

ဗြိတိန်နိုင်ငံတွင် ပြီးခဲ့တဲ့ ၂၄ နာရီအတွင်းမှာ ကိုရိုနာဗိုင်းရပ်စ်ရောဂါကြောင့် အသက် ၁၃ နှစ်အရွယ် ယောကျ်ားလေးတစ်ဦး အပါအဝင် သေဆုံးသူ ၃၈၁ ဦးရှိကြောင်း ထုတ်ပြန်ချက်အရ သိရပါတယ်။

 

7463512344

 

သေဆုံးသူ ကလေးငယ်ဟာ လန်ဒန်မြို့ရှိ ကင်းစ်ကောလိပ်ဆေးရုံမှာ ဆေးကုသခံယူနေသူဖြစ်ပြီး ကပ်ရောဂါကြောင့် အသက်ငယ်ဆုံး သေဆုံးသူလို့ ယူဆရပါတယ်။ သေဆုံးသူဟာ ဖျားနားနေတဲ့ လက္ခဏာမတွေ့ရကြောင်း မိဘဆွေမျိုးတွေက ပြောပါတယ်။

 

ပြီးခဲ့တဲ့ စနေနေ့က စာရင်းအရ သေဆုံးသူဟာ ၂၆၀ ဦးနဲ့ အများဆုံးဖြစ်ခဲ့ပြီး တနင်္လာနေ့မှာ ၁၈၀ ဦးသာ သေဆုံးခဲ့ပါတယ်။

 

ဝန်ကြီးချုပ်ဂျွန်ဆင်အပါအဝင် ကိုရိုနာဗိုင်းရပ်စ်ပိုး ကူးစက်ခံရသူပေါင်း ၂၅၁၅၀ ဦးနဲ့ သေဆုံးသူ ၁၇၈၉ ဦး ရှိကြောင်း ဧပြီ ရက်နေ့ ထုတ်ပြန်တဲ့စာရင်းအရ သိရပါတယ်။

 

MDN
ကိုးကား - AFP