၃ စက်တင်ဘာ
ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမရှစ်လအတွင်း မီးလောင်ပေါက်ကွဲမှုပေါင်း ၂၀၆၄ ကြိမ် ဖြစ်ပွားခဲ့ရာ လူ ၆၁ ဦး သေဆုံးပြီး အခြား ၁၂၉ ဦး ဒဏ်ရာရရှိခဲ့သည်။
အဆိုပါ မီးလောင်ပေါက်ကွဲမှုများကြောင့် ဗီယက်နမ်ဒေါင် ၃၉၂ ဒသမ ၃ ဘီလီယံ ခန့် ပျက်စီး ဆုံးရှုံးခဲ့ကြောင်း ဗီယက်နမ်မီးဘေးကာကွယ်ရေးနှင့်မီးသတ်ဌာနက ယနေ့တွင် ပြောကြားခဲ့သည်။
ပြီးခဲ့သည့်နှစ် ပထမရှစ်လက ဗီယက်နမ် နိုင်ငံတွင် မီးလောင်ပေါက်ကွဲမှုပေါင်း ၂၇၂၀ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၇၁ ဦး သေဆုံးခဲ့ပြီး အခြား ၁၁၉ ဦး ဒဏ်ရာရရှိခဲ့သည်။
ထိုမီးလောင်ပေါက်ကွဲမှုများကြောင့် ဗီယက်နမ်ဒေါင် ၈၅၈ ဘီလီယံ ခန့် ပျက်စီးဆုံးရှုံးမှု ဖြစ်ပွားခဲ့သည်။
၂၀၁၉ ခုနှစ် တစ်နှစ်လုံး မီးလောင် ပေါက်ကွဲမှုပေါင်း ၃၇၅၅ ကြိမ် ဖြစ်ပွားခဲ့ပြီး လူ ၁၁၂ ဦး သေဆုံးခဲ့ကြောင်းနှင့် ၁၇၇ ဦး ဒဏ်ရာရရှိခဲ့သည်။
၎င်းမီးလောင် ပေါက်ကွဲမှုများကြောင့် ဗီယက်နမ်ဒေါင် ၁၄၀၀ ဘီလီယံ ခန့် ပျက်စီးဆုံးရှုံးခဲ့ကြောင်း ထိုဌာနက ပြောကြားခဲ့သည်။
ကိုးကား-ဆင်ဟွာ
ဘာသာပြန်-မြင့်မြင့်ချို