ဗီယက်နမ်တွင် အစာအဆိပ်သင့် ဖြစ်ပွားမှု ပထမငါးလအတွင်း ပိုမိုများပြားလာ

၂ ဇွန်

 

ဗီယက်နမ်နိုင်ငံတွင် ယခုနှစ် ပထမငါးလအတွင်း လူပေါင်း ၆၉၄ ဦး  အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ၁၅ ဦး သေဆုံးခဲ့သည်ဟု နိုင်ငံတားဆီးကာကွယ်ရေးဆိုင်ရာ ကျန်းမာရေးဌာနက ယနေ့ ပြောကြားချက်အရ သိရသည်။

1

 

ပြီးခဲ့သည့်နှစ် အလားတူကာလက လူ ၈၀၆ ဦး အစာအဆိပ်သင့်မှု ဖြစ်ပွားခဲ့ပြီး ငါးဦးသေဆုံးခဲ့သည်။

 

ဇန်နဝါရီလမှ မေလအတွင်း သွေးလွန်တုပ်ကွေးရောဂါ ဖြစ်ပွားသူပေါင်း ၂၆၉၀ဝ ဦး ရှိကြောင်း၊ ၎င်းတို့အနက် သုံးဦးသေဆုံးပြီး ၄၉၂၁ ဦးမှာ လျှာနာခွာနာရောဂါ ဖြစ်ပွားခဲ့ပြီး ၁၈၆ ဦးမှာ ဦးနှောက်ရောင်ရမ်းနာရောဂါ ဖြစ်ပွားခဲ့သည်။

 

ဗီယက်နမ်နိုင်ငံတွင် အိတ်ချ်အိုင်ဗွီပိုးရှိသူ ၂၁၀၅၀ဝ ဦးရှိပြီး ၎င်းတို့အနက် ၉၇၁၅၄ ဦးမှာ အေအိုင်ဒီအက်စ်လူနာများ ဖြစ်လာသည်။

 

ယနေ့အချိန်တွင် အေအိုင်ဒီအက်စ်ရောဂါနှင့် ဆက်စပ်ပြီး နိုင်ငံအတွင်း သေဆုံးသူ အရေအတွက်မှာ ၉၈၇၀၅ ဦး ရှိသည်ဟု ကျန်းမာရေးဌာနက ပြောကြားသည်။

 

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို