ဟနွိုင်း ဩဂုတ် ၃
ဗီယက်နမ်နိုင်ငံသို့ ၂၀၂၆ ခုနှစ် ပထမခုနစ်လအတွင်း နိုင်ငံတကာမှ လာရောက်လည်ပတ်သူ ၁၃ ဒသမ ၉ သန်းနီးပါးရှိကြောင်း သိရသည်။ အဆိုပါအရေအတွက်သည် ယမန်နှစ် ကာလတူထက် ၁၃ ဒသမ ၈ ရာခိုင်နှုန်းတိုးလာခြင်းဖြစ်ကြောင်း အမျိုးသားစာရင်းအင်းရုံးက ဩဂုတ် ၃ ရက်တွင် ထုတ်ပြန်ထားသည်။
လာရောက်လည်ပတ်သူ စုစုပေါင်းအနက် လေကြောင်းခရီးဖြင့် လာရောက်သူ ၁၁ ဒသမ ၅ သန်းရှိရာ ယမန်နှစ်ကာလတူထက် ၁၀ ဒသမ ၇ ရာခိုင်နှုန်းတိုးလာခဲ့ကြောင်းနှင့် ကုန်းလမ်းဖြင့် လာရောက်သူ ၂ ဒသမ ၂ သန်းရှိရာ တစ်နှစ်ထက်တစ်နှစ် ၃၃ ဒသမ ၆ ရာခိုင်နှုန်း တိုးလာခဲ့ပြီး ပင်လယ်ရေကြောင်းမှလာရောက်သူ စုစုပေါင်းမှာ ၂၁၀၉၀၀ ရှိကာ ၁၄ ဒသမ ၇ ရာခိုင်နှုန်းတိုးမြင့်လာကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
အာရှသည် ဗီယက်နမ်အတွက် အကြီးဆုံးဈေးကွက်အရင်းအမြစ်အဖြစ် ဆက်လက်တည်ရှိနေဆဲဖြစ်ပြီး ယင်းကာလအတွင်း အာရှမှခရီးသည် ၁၀ ဒသမ ၃ သန်းနီးပါးလာရောက်ခဲ့ကာ ယင်းနောက်တွင် ဥရောပမှ ခရီးသည် ၂ ဒသမ ၃ သန်းကျော် လာရောက်ခဲ့သည်။ ဗီယက်နမ်နိုင်ငံသည် ၂၀၂၆ ခုနှစ်အတွင်း နိုင်ငံတကာခရီးသည် ၂၅ သန်း လာရောက်ရန် ရည်မှန်းထားကြောင်း ယဉ်ကျေးမှု၊ အားကစားနှင့် ခရီးသွားလာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။
ဆင်ဟွာ


