ဗီယက်နမ်နိုင်ငံအလယ်ပိုင်းဒေသတွင် ရေကြီးခြင်း၊ မြေပြိုခြင်းများကြောင့် ၂၈ ဦးသေဆုံးပြီး ၁၂ ဦးပျောက်ဆုံးလျက်ရှိ

ဟနွိုင်း ၁၅ အောက်တိုဘာ

ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းဒေသနှင့် အလယ်ပိုင်း ကုန်းမြင့်ဒေသ (Central Highlands) တွင် လွန်ခဲ့သော ရက်အနည်းငယ်က တခြားသဘာဝဘေးအန္တရာယ်များနှင့် အတူမိုးသည်းထန်စွာ ရွာသွန်းခြင်း၊ ရေအဆက်မပြတ်ကြီး ခြင်းတို့ကြောင့် လူ ၂၈ ဦးသေဆုံးခဲ့ပြီး ၁၂ ဦး ပျောက်ဆုံး ခဲ့ကြောင်း သဘာဝဘေးအန္တရာယ် ကာကွယ်ထိန်းချုပ် ရေးဆိုင်ရာ ဗဟိုကော်မတီက အောက်တိုဘာ ၁၃ ရက် တွင် ပြောကြားလိုက်သည်။

အောက်တိုဘာ ၁၂ ရက်က သေဆုံးသူ ၁၈ ဦးရှိကြောင်း ဖော်ပြရာမှ သေဆုံးသူအရေအတွက် ရုတ်တရက် မြင့်တက်လာခဲ့ခြင်းဖြစ်သည်။ သေဆုံးသူများမှာ အဓိကအားဖြင့် သန်းချီ၊ ခွာတန်းပျော၊ ကွမ်နန်ဒေသများမှ ဖြစ်ကြကြောင်းကော်မတီ၏ နောက်ဆုံးသတင်းဖော်ပြချက်များ အရ သိရသည်။

သေဆုံးသူ ၂၈ ဦးတွင် ၂၂ ဦးမှာ ရေစီးနှင့်မျောပါ ပြီး သေဆုံးသူများဖြစ်ကြပြီး တခြားသူများမှာ ရေထဲ တွင် ပျောက်ဆုံးခဲ့သူများဖြစ်ကြောင်း ကော်မတီကပြောသည်။

အောက်တိုဘာ ၁၂ ရက်အထိ လူဦးရေအကြမ်းဖျင်း အားဖြင့် ၆၆၆၀၀ ရှိသည့် အိမ်ထောင်စုပေါင်း ၂၁၈၀၀ ကို ရွှေ့ပြောင်းမှုများ လုပ်ဆောင်ခဲ့သည်။ အိမ်အလုံးရေ ၁၃၁၁၀၀လည်း ရေကြီးနစ်မြုပ်ခဲ့ပြီး ၄၁၅ လုံးမှာ ပျက်စီး သို့မဟုတ် ပြိုကျခဲ့ကြောင်း ဗဟိုကော်မတီ၏ဖော်ပြမှုအရ သိရသည်။ အလားတူ စပါးစိုက်ဧက ၅၉၂ ဟက်တာနှင့် တခြား ဆီထွက်သီးနှံစိုက်ပျိုးဧက ၄၂၀၀ ဟက်တာလည်း ရေကြီးနစ်မြုပ်ခဲ့ကြောင်းနှင့် ကျွဲ၊ နွားနှင့် မွေးမြူရေး တိရစ္ဆာန်ကောင်ရေပေါင်း ၁၅၆၃၀၀ ခန့် သေဆုံးခြင်း သို့မဟုတ် ရေကြီးမှုအတွင်း မျောပါသွားကြသည်။

အောက်တိုဘာ ၅ ရက်ကတည်းက အဆက်မပြတ် မိုးသည်းထန်စွာရွာသွန်းမှုများသည် ဗီယက်နမ်နိုင်ငံ အလယ်ပိုင်းနှင့် အလယ်ပိုင်းကုန်းမြင့်ပိုင်းတို့တွင် ဖြစ်ပွားခဲ့ရာ တချို့ဒေသများတွင် မိုးရေချိန်မီလီမီတာ ၁၈၀၀ ကျော် လွန်ခဲ့သည်။ ။

အောက်တိုဘာ ၁၃ ရက်တွင် ပြည်သူများသည် ဗီယက်နမ်နိုင်ငံအလယ်ပိုင်း သန်းချီဒေသတွင် မိုးသည်း ထန်စွာရွာသွန်းပြီး ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွား သောလမ်းများကို ပြင်ဆင်နေကြောင်း သိရသည်။

လာမည့်ရက်များအတွင်း ဗီယက်နမ်နိုင်ငံအလယ်ပိုင်းရှိ အနိမ့်ပိုင်းဒေသများတွင် ကြီးမားသည့် ရေကြီး ရေလျှံမှုများ ဖြစ်မည်ဟု ခန့်မှန်းထားသည်။ “ ဗီယက်နမ်နိုင်ငံတွင် ယခုနှစ်စက်တင်ဘာ ၂၂ ရက် အထိ သဘာဝဘေးအန္တရာယ်များကြောင့် လူပေါင်း ၉၃ ဦး သေဆုံး သို့မဟုတ် ပျောက်ဆုံးခဲ့ပြီး ၂၇၂ ဦး ဒဏ်ရာ ရရှိခဲ့သည်။ လျှပ်တစ်ပြက်လေတိုက်မှုများ၊ ရေကြီးမှုများ၊ မြေပြိုမှုများ၊ မိုးသည်းထန်စွာရွာသွန်းမှုများ အပါအဝင် သဘာဝဘေးအန္တရာယ်များကြောင့် ဗီယက်နမ်ဒေါင်း ၅ထရီလီယံ (အမေရိကန်ဒေါ်လာ ၂၁၇ ဒသမ ၄ သန်း) ဆုံးရှုံးခဲ့ရသည်။

ဆင်ဟွာ