ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် မိုးရွာသွန်းမှုနှင့် ရေကြီးရေလျှံမှုဆိုင်ရာ သတိပေးချက်များထုတ်ပြန်နိုင်သည့် အပလီကေးရှင်းလုပ်ငန်း စတင်ဆောင်ရွက်

ဟနွိုင်း   စက်တင်ဘာ   ၆

ဗီယက်နမ်နိုင်ငံ မြို့တော်ဟနွိုင်းတွင် မိုးရွာသွန်းမှုနှင့်  ရေကြီးရေလျှံမှုဆိုင်ရာ သတိပေးချက်များထုတ်ပြန်နိုင်သည့် Ban do mua ngap ခေါ် မြေပုံအပလီကေးရှင်းတစ်ခုအား ဟနွိုင်းသိပ္ပံနှင့်နည်းပညာဌာနက လုပ်ငန်းစတင်ဆောင်ရွက်စေခဲ့ကြောင်း သိရသည်။

အဆိုပါအပလီကေးရှင်း၏ ဒေတာအချက်အလက်များကို  မိုးလေဝသအခြေအနေအလိုအလျောက်စောင့်ကြည့်ရေးစနစ်မှ တိုက်ရိုက်ရယူခြင်းဖြစ်ကာ ဟနွိုင်းမြို့ ပင်လယ်ရေမှော်နှင့် ရေနုတ်မြောင်းဆိုင်ရာ စီမံခန့်ခွဲရေးကုမ္ပဏီက ၎င်းအပလီကေးရှင်းအား စီမံခန့်ခွဲ၍ လုပ်ငန်းဆောင်ရွက်ခြင်းဖြစ်သည်။

အဆိုပါအပလီကေးရှင်းမှတစ်ဆင့် မိုးရွားသွန်းမှုနှင့် ရေကြီးရေလျှံမှုဆိုင်ရာ အခြေအနေများကို အချိန်နှင့်တစ်ပြေးညီ သိရှိနိုင်သည်။ 

အဆိုပါ  အပလီကေးရှင်းအား iHanoi digital citizen application မှတစ်ဆင့် ရယူသုံးစွဲနိုင်ကြောင်း သိရသည်။  အဆိုပါအပလီကေးရှင်းတွင် သဘာဝဘေးများအတွက် အဆင့်အလိုက် အရောင်များခွဲခြား၍ ဖော်ပြထားသဖြင့် ဒေသခံများအတွက် ရေကြီးရေလျှံမှုကဲ့သို့သော သဘာဝဘေးများကို  စက္ကန့်ပိုင်းအတွင်း အလိုအလျှောက် သတိပေးချက်များ ပေးပို့သည့်စနစ်ဖြင့် သိရှိနိုင်မည်ဟုသိရသည်။ ယခုအပလီကေးရှင်းကို သုံးစွဲခြင်းကြောင့် မြို့တော်ဟနွိုင်း၏ သဘာဝဘေးတုံ့ပြန်ရေး အစီအမံများကို အားကောင်းစေမည်ဖြစ်ပြီး ဒေသခံများအနေဖြင့် မိုးရာသီကာလအတွင်းနှင့် မုန်တိုင်းကျရောက်မည့်ကာလတွင် အန္တရာယ်ကင်းသည့် လမ်းများမှ ရှောင်ကွင်းသွားနိုင်မည်ဖြစ်သည်။

ယခု အပလီကေးရှင်းကို မြို့တော်တစ်ဝန်းရှိ ဒေသခံများ၊ ယာဉ်မောင်းများနှင့် ခရီးသွားသန်းပေါင်းများစွာကို ဝန်ဆောင်မှုပေးရန် ဒီဇိုင်းထုတ်ထားကြောင်းနှင့် အဆိုပါအပလီကေးရှင်းအား သုံးစွဲခြင်းကြောင့် ရုံးဝန်ထမ်းများနှင့် ကျောင်းသားများ၊ ယာဉ်မောင်းများအတွက် သဘာဝဘေးများမှ ရှောင်ရှားနိုင်မည်ဖြစ်ပြီး မြေနိမ့်ဒေသများရှိ အိမ်ထောင်စုများအတွက်လည်း သဘာဝဘေးများမှ ကာကွယ်နိုင်မည်ဖြစ်ကြောင်း သိရသည်။  

ကိုးကား-VN Express

ဘာသာပြန် - စိုးသူရ