ဟနွိုင်း ဩဂုတ် ၆
ဗီယက်နမ်နိုင်ငံမြောက်ပိုင်း တူယင်ကွမ်းပြည်နယ်၌ အချိန်အတော်ကြာ မိုးသည်းထန်စွာရွာသွန်းမှုကြောင့် လူတစ်ဦးသေဆုံးခဲ့ပြီး ဗီယက်နမ်ဒေါင် ၁၅ ဘီလီယံခန့် (အမေရိကန်ဒေါ်လာ ၅၈၉၈၀၀ ခန့်) ပျက်စီးဆုံးရှုံးမှုဖြစ်ပေါ်ခဲ့ကြောင်း ဗီယက်နမ်သတင်းအေဂျင်စီက ဩဂုတ် ၆ ရက်တွင် ထုတ်ပြန်ခဲ့သည်။
သေဆုံးသူမှာ ကွင်းပြင်၌အလုပ်လုပ်နေစဉ် မိုးကြိုးပစ်ခံရခြင်းကြောင့်ဖြစ်ကြောင်း ပြည်နယ်စိုက်ပျိုးရေးနှင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဌာနက ထုတ်ပြန်ထားသည်။
ထို့ပြင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် နေအိမ် ၉၆ လုံး ပျက်စီးခဲ့ပြီး စိုက်ပျိုးမြေနှင့် ငါးမွေးမြူရေးကန် ဟက်တာ ဒါဇင်နှင့်ချီ ရေကြီးနစ်မြုပ်ခဲ့ကြောင်း၊ ဒေသတွင်းလမ်းတစ်လျှောက် နေရာ ၄၂ ခု၌ မြေပြိုမှုများဖြစ်ပွားသဖြင့် ယာဉ်ကြောပိတ်ဆို့မှုများဖြစ်ပေါ်ခဲ့ကြောင်း ထုတ်ပြန်ချက်အရ သိရသည်။
ဆင်ဟွာ


