ဘရိုက်တန်အသင်း အမှတ်ပေးဇယား အဆင့်(၃)နေရာ တက်လှမ်း

ဘရိုက်တန်အသင်းနဲ့ အာဆင်နယ် အသင်းတို့ စက်တင်ဘာ ၁၉ ရက် ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့တဲ့ ပရီမီယာလိဂ်ပွဲစဉ်မှာ ဘရိုက်တန်အသင်းက အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့်(၃)နေရာကို တက်လှမ်းခွင့်ရရှိခဲ့ပါတယ်။ အဲဒီပွဲစဉ်မှာ ဘရိုက်တန်အသင်းအတွက် သွင်းဂိုးတွေကို ပထမပိုင်း  ပွဲကစားချိန် ၃၁ မိနစ်မှာ  ဂရော့ဘ်က တစ်ဂိုး၊  ၄၅ မိနစ်မှာ ကော့စ်တူးလက်က တစ်ဂိုး၊ ဒုတိယပိုင်းပွဲကစားချိန် ၅၇ မိနစ်မှာ ချီမာအန်းဒရက်စ်က တစ်ဂိုးသွင်းယူ ပေးခဲ့တာဖြစ်ပါတယ်။ အာဆင်နယ်အသင်းဟာ  ယခုဘောလုံးရာသီမှာ ပရီမီယာလိဂ်ပထမဆုံး  လေးပွဲမှာရှုံးပွဲမရှိအောင် ကစားနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့်(၂)နေရာမှာ  ဆက်လက်ရပ်တည်နိုင်ခဲ့တာလည်းဖြစ်ပါတယ်။

ဘရိုက်တန်အသင်းက အာဆင်နယ်အသင်းကို အနိုင်ရရှိခဲ့ခြင်းဟာ ၂၀၂၀ ပြည့်နှစ်နောက်ပိုင်း ပထမဆုံးအကြိမ် နိုင်ပွဲရရှိခဲ့တာလည်းဖြစ်ပါတယ်။

ဘရိုက်တန်အသင်းကတော့ အာဆင်နယ်အသင်းကို  အနိုင်ရရှိခဲ့တာကြောင့်  ပရီမီယာလိဂ် ပွဲစဉ်(၅) ယှဉ်ပြိုင်ကစားပြီးချိန်မှာ ရမှတ် ၁၀ မှတ် အထိ စုဆောင်းနိုင်ခဲ့တာကြောင့် အမှတ်ပေးဇယား အဆင့် (၃)နေရာမှာ  ရပ်တည်နေတာဖြစ်ပါတယ်။

လက်ရှိပရီမီယာလိဂ်  အမှတ်ပေးဇယားမှာ မန်စီးတီးအသင်းက  အဆင့်(၁)၊  အာဆင်နယ် အသင်းက အဆင့်(၂)၊  ဘရိုက်တန်အသင်းက အဆင့်(၃)၊ ဘရန့်ဖို့ဒ်အသင်းက  အဆင့်(၄)အသီးသီး ရပ်တည်နေတာလည်းဖြစ်ပါတယ်။

ငွေကြယ်