ဘရာဇီး ဘောလုံးသမား ၁၀ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ အတွက် နောက်ဆုံးအချိန်မှ ပွဲစဉ် ရွှေ့ဆိုင်း

၁၀ ဩဂုတ်

 

ဘရာဇီးအမျိုးသားကလပ်အသင်း ဘောလုံးပြိုင်ပွဲရာသီကို ပြီးခဲ့တဲ့ စနေနေ့က စတင် ကစားဖို့ စီစဉ်ထားပါတယ်။ နိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ်ပိုး ပျံ့ပွားကူးစက်နေတဲ့အတွက်  ပြိုင်ပွဲရာသီထက် သုံးလ နောက်ကျပြီးမှ စတင်ကျင်းပတာလို့ သိရပါတယ်။

 

ကလပ်အသင်းနှစ်သင်းဖြစ်တဲ့   ဆာပါလို FC နဲ့ ဂိုယက်စ် အသင်းတို့ဟာ တနင်္ဂနွေက ယှဉ်ပြိုင်ကစား ရှိနေပေမယ့် ဂိုယက်စ်အသင်းမှ အားကစားသမား ၁၀ ဦးမှာ ဗိုင်းရပ်စ်ပိုး တွေ့ရှိတဲ့အတွက် ပွဲစဉ်ကို နောက်ဆုံးအချိန်မှ ရွှေ့ဆိုင်းလိုက်ရတာဖြစ်ပါတယ်။

 

ဘောလုံးပွဲစဉ်တွေကို ပရိသတ်ပါဝင်ခွင့် မရှိဘဲ ကျင်းပတာဖြစ်ပါတယ်။ ဘောလုံး အသင်းတွေဟာ ပြိုင်ပွဲမတိုင်မီ ၇၂ နာရီအတွင်း ဗိုင်းရပ်စ်ပိုး ရှိမရှိ စစ်ဆေးအဖြေ ရရှိဖို့ လိုအပ်ပါတယ်။

 

ပြိုင်ပွဲအတွက် ဆာပါလို FC အသင်း မှ အားကစားသမားတွေဟာ ကွင်းထဲကို ရောက်ရှိနေပြီး သွေးပူလေ့ကျင့်ခန်း လုပ်ဆောင်နေစဉ် ဂိုယက်အသင်းမှာ ဘောလုံးသမား ၁၀ ဦးမှာ ဗိုင်းရပ်စ်ပိုးတွေ့ရှိတဲ့ အတွက် နောက်ဆုံးအချိန်မှ ပြိုင်ပွဲရွှေ့ ဆိုင်းခဲ့တာဖြစ်ပါတယ်။

 

ဗိုင်းရပ်စ်ပိုးတွေ့ရှိသူ ၁၀ ဦးထဲမှ ၈ ဦးဟာ ပွဲစဉ်အစမှာ ပါဝင်သူများဖြစ်ကြပါတယ်။ ဆာပါလို အသင်းရဲ့ တွစ်တာမှာ ကျန်းမာရေးထက် ဘာမှ အရေးမကြီးကြောင်း ရေးသားထားပါတယ်။

 

ဘရာဇီးနိုင်ငံမှာ ဗိုင်းရပ်စ်ပိုးကြောင့် သေဆုံးသူ စနေနေ့စာရင်းအရ ၁၀၀,၀၀၀ ကျော်ပြီး ရောဂါပိုးတွေ့ရှိသူ သုံးသန်း ရှိနေခဲ့ပါတယ်။ ဩဂုတ် ၁၀ ရက်နေ့ စာရင်းအရ ၁၀၁,၁၃၆ ဦး ရှိပြီး ဗိုင်းရပ်စ်ပိုးတွေ့ရှိသူဟာ ၃,၀၃၅,၅၈၂ ဦး ရှိနေကြောင်း သိရပါတယ်။

 

MDN

ကိုးကား- AFP