ဘီးလင်းမြို့နယ် အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် ဘောလုံးပြိုင်ပွဲကျင်းပ

ဘီးလင်း    ဩဂုတ်   ၆

မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ ၂၀၂၆ ခုနှစ် မြို့နယ်ပညာရေးမှူးဖလား အခြေခံပညာကျောင်းပေါင်းစုံ အသက်(၁၄)နှစ်အောက် ဘောလုံးအားကစားပြိုင်ပွဲ   ဖွင့်ပွဲကို   ယမန်နေ့က   ဘီးလင်းမြို့ ဘိုးရာဇာရပ်ကွက်ရှိ မြို့မအားကစားကွင်း၌ ကျင်းပရာ ဘီးလင်းမြို့နယ်ပညာရေးမှူး ဦးဝင်းရှိန်က  အားကစားပြိုင်ပွဲ ကျင်းပပေးရခြင်းနှင့် စပ်လျဉ်း၍ အမှာစကားပြောကြားသည်။

ထို့နောက် ပထမပွဲစဉ်အဖြစ် ရွှေလှေဇုန်ကျောင်း မိသားစုဘောလုံးအသင်းနှင့် နတ်ကြီးဇုန်ကျောင်း မိသားစုဘောလုံးအသင်းတို့  ယှဉ်ပြိုင်ကစားရာ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ၊  ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ကြည့်ရှုအားပေးခဲ့သည်။

အဆိုပါဘောလုံးပြိုင်ပွဲကို အမျိုးသားဘောလုံးအသင်း ရှစ်သင်းနှင့် အမျိုးသမီးဘောလုံးအသင်း လေးသင်းတို့က အုပ်စုဇုန် နှစ်စုခွဲကာ ယှဉ်ပြိုင်သွားမည်ဖြစ်သည်။    

မြို့နယ်(ပြန်/ဆက်)