ဘောလုံးရာသီမကုန်ဆုံးမီ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ဖွင့်လှစ်ခွင့်ပြုမည်ဟု ဖီဖာကြေညာ

၁၃  ဇွန်

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ)ရဲ့ စည်းမျဉ်းသစ်တွေရဲ့အောက်မှာ ကျင်းပမယ့် အခုနှစ်ဘောလုံးရာသီရဲ့ ဘောလုံးပြိုင်ပွဲတွေ မပြီးဆုံးခင်မှာ နွေရာသီအပြောင်းအရွှေ့ဈေးကွက်ကို ပြန်လည်ဖွင့်လှစ်ခွင့်ပြုသွားမယ်လို့ ဖီဖာ က ကြေညာထားခဲ့ပါတယ်။

ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဟာ ကိုရိုနာဗိုင်းရပ်စ်ဖြစ်ပွားမှုကြောင့် ကမ္ဘာတစ်ဝန်းရှိ ဘောလုံးပြိုင်ပွဲတွေ ကြန့်ကြာ ခဲ့ရတဲ့အပေါ် တုံ့ပြန်ဆောင်ရွက်တဲ့အနေနဲ့ ပြိုင်ပွဲတွေမပြီးဆုံးခင်မှာ အပြောင်းအရွှေ့ဈေးကွက်ကို ပြန်လည် ဖွင့်လှစ်နိုင်ဖို့ စီစဉ်ခဲ့တာလည်းဖြစ်ပါတယ်။

ပရီမီယာလိဂ် အမှုဆောင်ချုပ် ရစ်ချက်မာစတာကတော့ ဇူလိုင် ၂၅ ရက် မတိုင်ခင် အင်္ဂလန်ကလပ်အသင်းတွေ အနေနဲ့ ကစားသမားသစ်တွေ ခေါ်ယူခွင့်ပြုမှာမဟုတ်ဘူးလို့ ဆိုခဲ့ပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာတော့ ကမ္ဘာ့ ဘောလုံးအဖွဲ့ချုပ်က စည်းမျဉ်းသစ်တွေချမှတ်ပြီး ရာသီမကုန်ဆုံးမီ အပြောင်းအရွှေ့ ဈေးကွက် ပြန်လည်ဖွင့်လှစ် ခွင့်ပြုသွားဖို့ ကြေညာခဲ့တာဖြစ်ပါတယ်။

လက်ရှိအနေအထားရ အင်္ဂလန် ကလပ်အသင်းတချို့ဟာ အက်ဖ်အေဖလား၊ ချန်ပီယံလိဂ်ဖလားနဲ့ ယူရိုပါလိဂ် ဖလားတွေ ယှဉ်ပြိုင်ကစားရဖို့ရှိနေစဉ်မှာပဲ အင်္ဂလန်ပရီမီယာလိဂ်ကို ဇွန် ၁၇ ရက်မှာ ပြန်လည်ယှဉ်ပြိုင် ကစားခွင့်ရရှိထားတာ ဖြစ်ပါတယ်။ အင်္ဂလန်ကလပ်အသင်းတွေဟာ လက်ရှိမှာ ပရီမီယာလိဂ်ပွဲစဉ် အနည်းဆုံး ကိုးပွဲစီကစားဖို့ ကျန်နေသေးတာ လည်းဖြစ်ပါတယ်။

ငွေကြယ်