ဘာစီလိုနာကနေ ထွက်ခွာဖို့ လမ်းကြောင်းပေါ်ရောက်လာတဲ့ ရာကီတစ်

၂၉  အောက်တိုဘာ

ဘာစီလိုနာအသင်းဟာ ပြီးခဲ့တဲ့နွေရာသီ အပြောင်းအရွှေ့ကာလက ရာကီတစ်ကို ခေါ်ယူမယ့် အသင်းအတော်တော်များများရဲ့ ကမ်းလှမ်းမှုကိုခံခဲ့ရပေမယ့် ကစားသမားကိုယ်တိုင်ကတော့ ဘာစီလိုနာအသင်းကနေ ထွက်ခွာဖို့ဆန္ဒမရှိဘူးလို့ ပြေကြားခဲ့တာကြောင့် နူးကမ့်မှာ ဆက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ရာကီတစ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ပီအက်စ်ဂျီအသင်းကလည်း တစ်သင်းအပါအဝင်ဖြစ်ပြီး မန်ယူအသင်းနဲ့ ဂျူဗင်တပ်အသင်းတို့ကလည်း ခေါ်ယူဖို့ ပစ်မှတ်ထားနေတယ်လို့ သိရပါတယ်။

ဘာစီလိုနာအသင်း ကစားခဲ့ပြီးတဲ့ ၁၂ ပွဲမှာ ကွင်းလယ်ကစားသမား ရာကီတစ်ဟာ ၂၀၆ မိနစ်သာ ပါဝင်ပွဲထွက်ကစားခွင့် ရရှိခဲ့တာဖြစ်ပြီး ကွင်းလယ်ပိုင်းမှာ ဖရန်ကီဒီဂျောင်း၊ အာသာမီလိုနဲ့ ဆာဂျီယိုဘက်စကွက်တို့ကို အဓိကထား ပွဲထွက်ကစားစေခဲ့တာ ဖြစ်ပါတယ်။

ဘာစီလိုနာအသင်းဟာ အခုနှစ် ဘောလုံးရာသီမှာ အရေးပေါ်အခြေအနေမှသာ ရာကီတစ်နဲ့ ဗီဒယ်တို့ကို ပွဲထွက်ကစားစေခဲ့တာကြောင့် အဲဒီကစားသမားနှစ်ဦးစလုံးဟာ ဘာစီလိုနာအသင်းနဲ့ လမ်းခွဲဖို့ စီစဉ်လာခဲ့တာ ဖြစ်ပါတယ်။ လက်ရှိမှာ ရာကီတစ်ဟာ ဥရောပကလပ်အသင်း အတော်များများရဲ့ စိတ်ဝင်စားမှုနဲ့အတူ ဘာစီလိုနာအသင်းမှာ နေရာမရဖြစ်နေတာကြောင့် ဘာစီလိုနာအသင်းနဲ့လမ်းခွဲဖို့ လမ်းကြောင်းပေါ်ကို ရောက်ရှိနေခဲ့တာ ဖြစ်ပါတယ်။

ငွေကြယ်