ဘားအံ အောက်တိုဘာ ၁
ကရင်ပြည်နယ် ဘားအံမြို့နယ် နတ်ကျွန်းကျေးရွာတွင် သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေး ဝန်ကြီးဌာန သမဝါယမဦးစီးဌာန၏ လူမှုစီးပွားမြှင့်တင်ရေး (သက်တန့်ရောင်)စီမံကိန်း မတည်ငွေရယူ၍ ဆောင်ရွက်လျက်ရှိသော သက်စမ်းရေ စိုက်ပျိုးရေးနှင့် အထွေထွေလုပ်ငန်း သမဝါယမအသင်းသားများက ၎င်းတို့၏ လယ်ယာမြေများတွင် မိုးစပါးများ စိုက်ပျိုးလျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြသည်။
ထိုသို့ ကွင်းဆင်းကြည့်ရှုရာတွင် မြို့နယ်ဦးစီးမှူးနှင့် တာဝန်ရှိသူများက အသင်းသားတောင်သူများနှင့် တွေ့ဆုံ၍ လိုအပ်သည်များ မှာကြားခဲ့ကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)


