Best Foreign Language Film Oscar ဆုနှင့် Best Screenplay ဆုရ “NO MAN’S LAND”ရုပ်ရှင်ဇာတ်ကားကို လေ့လာမှုအစီအစဉ် ပြုလုပ်မည်

ရန်ကုန်  ၁၆   ဇန်နဝါရီ

 

ဒါရိုက်တာ “DanisTanovic”၏ လက်ရာကောင်းတစ်ခုဖြစ်သော “NO MAN’S LAND” ရုပ်ရှင်ဇာတ်ကားကို ဇန်နဝါရီ ၁၉ ရက်၊ မွန်းတည့် ၁၂ နာရီတွင် ရန်ကုန်မြို့၊ အမှတ်(၅၀)၊ ရွှေတောင်ကြားလမ်းရှိ ရုပ်ရှင်အနုပညာရပ်ဝန်း၊ ရုပ်ရှင်ပြခန်းမ၌ ကြည့်ရှုပြီး ရုပ်ရှင်ဇာတ်ကားအပေါ် ခွဲခြမ်းစိတ်ဖြာလေ့လာမှုအစီအစဉ်ပြုလုပ်မည် ဖြစ်သည်။

 

ယင်းအစီအစဉ်ကို မြန်မာ့ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ချက်ဖြင့် Cinematheque Program ၏ ကဏ္ဍခွဲတစ်ရပ်အဖြစ် (၃၄)ကြိမ်မြောက် ပြုလုပ်ခြင်းဖြစ်ပြီး ရုပ်ရှင်ဖွံ့ဖြိုးတိုးတက်ရေး စင်တာစီမံခန့်ခွဲရေးအဖွဲ့ဝင် ဒေါက်တာအောင်မင်းမှ ဦးဆောင်ဆွေးနွေးမည်ဖြစ်သည်။

 

အဆိုပါဇာတ်ကားသည် ၂၀ဝ၁ခုနှစ်၊ Best Foreign Language Film Oscar ဆုနှင့် Cannes Film Festival တွင်  Screenplay ဆုများရရှိခဲ့သည့် War Film အမျိုးအစားဖြစ်ကြောင်း၊  ဇာတ်လမ်းအကျဉ်းမှာ ၁၉၉၃ခုနှစ်၊ Bosnia နှင့် Herzegovinaတို့အကြား ဖြစ်ပွားခဲ့သော ဘော့စနီးယား စစ်ပွဲအကြောင်းကို အခြေခံထားကြောင်း၊ စစ်ဖြစ်နေသော နှစ်နိုင်ငံမှ စစ်သားနှစ်ယောက်သည် စစ်မက်ဖြစ်ပွားချိန်တွင် ရန်သူ၊ မိတ်ဆွေ မခွဲခြားဘဲ လူသားချင်းစာနာထောက်ထားမှုတို့ကို ရိုက်ကူး ပုံဖော်ထားကြောင်း သိရသည်။

                       

သိန်းထိုက်သူ(FDC)

 

mdn