Beatles တေးဂီတအဖွဲ့ရဲ့ Abbey Road သီချင်းခွေပုံ နှစ် ၅၀ ပြည့်ကို လန်ဒန်မှာ ကျင်းပ

၉ သြဂုတ်


ကမ္ဘာကျော် ဗြိတိန်တေးဂီတအဖွဲ့တစ်ဖွဲ့ ဖြစ်တဲ့ ဘီတဲလ်စ် Beatles အဖွဲ့ရဲ့ Abbey Roadသီချင်းခွေပါ ဓါတ်ပုံ နှစ် ၅၀ ပြည့်ကို ဘီတဲလ်စ်ကို ကြိုက်နှစ်သက်တဲ့ ကမ္ဘာတစ်ဝန်းက ပရိတ်သတ်တွေ စုပေါင်းပြီး ကြာသပတေးနေ့က ကျင်းပနေတာ ဖြစ်ပါတယ်။


ဘီတဲလ်စ်ရဲ့ သီချင်းခွေ တစ်ခွေဖြစ်တဲ့ "Abbey Road" အခွေရဲ့ မျက်နှာဖုံးပုံ ဖြစ်တဲ့ အမျိုးသား လေးဦး လူကူးမျဉ်းကြားကနေ ဖြတ်ကူးခဲ့တဲ့ပုံကို လွန်ခဲ့တဲ့ နှစ် ၅၀ က လန်ဒန်ရှိ အက်ဘီလမ်းမှာ ရိုက်ကူးခဲ့ပါတယ်။ 

 
"Abbey Road" သီချင်းခွေရဲ့ မျက်နှာဖုံးပုံမှာ တီးဝိုင်းအဖွဲ့က ဂျွန် လီနွန်က ဦးဆောင်ပြီး ရင်ဂိုစတား၊ ပေါ မက္ကာနီ နဲ့ ဂျော့ ဟယ်ရီဆင် တို့ လေးဦးက လူကူးမျဉ်းကြားပေါ်မှာ ဖြတ်ကူးနေပုံဖြစ်ပြီး အဲဒီပုံမှာ ပါသူတွေဟာ သူတို့လေးဦးဆိုတာ ကမ္ဘာတဝန်းက ချက်ခြင်းမှတ်မိစေခဲ့ပါတယ်။ 


အဲဒီဓါတ်ပုံကို  ပေါလ်မက္ကာနီရဲ့ စိတ်ကူးကို စကော့တလန်လူမျိုး အီရန် မက်မီလန်က သြဂုတ်လ ၈ ရက် ၁၉၆၉ ခုနှစ် ၁၁နာရီ ၃၅ မိနစ်မှ ရိုက်ကူးခဲ့တယ်လို့ သိရပါတယ်။  မျက်နှာဖုံးပုံရိုက်ပြီး ၁၂ ရက်အကြာ သြဂုတ် ၂၀ ရက်နေ့ မှာ  အခွေပါ သီချင်းတွေကို အပြီးသတ် သွင်းနိုင်ခဲ့ပါတယ်။  ဘီတဲလ်ရဲ့ သီချင်းပေါင်း ၂၁၀ ထဲက အပုဒ်ရေ ၁၉၀ လောက်က အက်ဘီလမ်းမှာဘဲ အသံသွင်းခဲ့တယ်လို့ သိရပါတယ်။ ဒီအသံသွင်းစတူတီယိုဟာ ကမ္ဘာမှာ ပထမဦးဆုံး ဘက်စုံပြည့်စုံတဲ့ စတူတီယိုဖြစ်ပါတယ်။ 


မနေ့က ကျင်းပခဲ့တဲ့ နှစ် ၅၀ ကို လာရောက်ခဲ့တဲ့ အမေရိကန်နိုင်ငံ နယူးယောက်မြို့က အသက် ၆၆ နှစ်အရွယ် မာရီ က သူအသက် ၁၂ နှစ်အရွယ်မှာ ဘီတဲလ်စ် နယူးယောက်ကို လာရောက်ဖျော်ဖြေရာ စင်ပေါ်တက်ဖို့ ကြိုးစားစဉ် ရဲက ဖမ်းခဲ့ကြောင်း ပြန်ပြောင်းပြောပါတယ်။ 


MDN
ကိုးကား - AFP