အဝတ်လျှော်ဖွပ်သန့်စင်ရေး နည်းပညာလက်စွဲ

စာရေးသူ ထွန်းဖောင်ဒေးရှင်းစာပေဆုရ ဆရာဦးဝင်းထိန်(ဟိုတယ်/ခရီး) စီစဉ်ရေးသားသည့် အဝတ်လျှော်ဖွပ်သန့်စင်ရေး နည်းပညာလက်စွဲစာအုပ် ထွက်ရှိလာသည်။

 

ကျောင်းဆရာ ဆရာမများနှင့် ကျောင်းသား ကျောင်းသူများအတွက် ပညာဗဟု သုတပြည့်စုံရေး၊ ကျန်းမာရေးဝန်ထမ်းများအတွက် ကျန်းမာရေးနှင့် လူနာပြုစုရေးတွင် ပညာဗဟုသုတတိုးပွားစေရန်၊ ကျေးလက်နေ အိမ်ရှင်မများနှင့် ၎င်းတို့နှင့် ပတ်သက်သူများဖတ်ရှုကာ သန့်ရှင်းသော လူ့ဘောင်သစ် ရရှိစေရန်၊ အဝတ်လျှော်ဖွပ်ရေးတွင် လုပ်ကိုင်နေသူများ၊ ဟိုတယ်၊ စားသောက်ဆိုင် တည်းခိုခန်းပိုင်ရှင် များ၊ မော်တော်ယာဉ်၊ ရထား၊ အဝေးပြေးကားလုပ်ငန်းလုပ်ကိုင်နေသူများ၊ အသက်မွေးဝမ်းကျောင်း ပြုလုပ်နေသူများအတွက် ရည်ရွယ်၍ ရေးသားထားသည်။

ကြေးမုံ (စာအုပ်စင်)