အဝေးကွင်းနိုင်ပွဲရယူပြီး အမှတ်ပေးဇယားအဆင့် (၃)နေရာကို တက်လှမ်းနိုင်ခဲ့သည့် ချယ်လ်ဆီး

mdn

၃ နိုဝင်ဘာ

 

ပရီမီယာလိဂ် ပွဲစဉ် (၁၁) များကို စနေနေ့ ညပိုင်းက ယှဉ်ပြိုင်ကစားခဲ့ကြပြီး ဝက်ဖို့ဒ်အသင်းနှင့် ချယ်လ်ဆီးအသင်းတို့၏ ပွဲစဉ်တွင် အဝေးကွင်းမှာ သွားရောက်ယှဉ်ပြိုင်ကစားခဲ့သည့် ချယ်လ်ဆီးအသင်းက တစ်ဂိုး နှစ်ဂိုးဖြင့် နိုင်ပွဲရယူနိုင်ခဲ့သည်။

 

ချယ်လ်ဆီးအသင်းမှာ ပထမပိုင်း ပွဲအစ (၅)မိနစ်မှာပင် အေဘရာဟမ်၏ သွင်းဂိုးဖြင့် ဦးဆောင်ဂိုး စတင်ရရှိခဲ့ပြီး ပွဲကို ဦးဆောင်ကစားနိုင်ခဲ့သည်။ ဒုတိယပိုင်း ပွဲချိန် ၅၅ မိနစ်မှာ အေဘရာဟမ်၏ ပေးပို့မှုကတစ်ဆင့် ပူလီလစ်က ဒုတိယသွင်းဂိုး ထပ်မံသွင်းယူနိုင်ခဲ့သည်။ ပွဲကစားချိန် ၈၀ မိနစ်တွင် အိမ်ရှင် ဝက်စ်ဖို့ဒ်အသင်း ပင်နယ်တီကန်ခွင့်ရရှိခဲ့ပြီး ယင်းဂိုးကို ဒယ်လိုဖူက အမှားအယွင်းမရှိကန်သွင်းကာ ချေပဂိုးပြန်လည်ရရှိခဲ့သည်။

 

ချယ်လ်ဆီးအသင်းမှာ ယခုပွဲစဉ်အနိုင်ရလဒ်ကြောင့် အမှတ်ပေးဇယား၏  အဆင့် (၃)နေရာကို တက်လှမ်းလာနိုင်ခဲ့သလို ပြိုင်ပွဲစုံ အဝေးကွင်း (၇) ပွဲဆက် နိုင်ပွဲရယူနိုင်ခဲ့ခြင်းလည်းဖြစ်သည်။

 

ပရီမီယာလိဂ်ပွဲစဉ်ရလဒ်များ

အာဆင်နယ် ၁ - ၁ ဝုလ်ဗ်

အက်စတွန်ဗီလာ ၁ - ၂ လီဗာပူးလ်

ဘရိုက်တန် ၂ - ဝ နောဝစ်ချ်

မန်စီးတီး ၂ - ၁ ဆောက်သမ်တန်

ရှက်ဖီးယူနိုက်တက် ၃ - ဝ ဘန်လေ

ဝက်စ်ဟမ်း ၂ - ၃ နယူးကာဆယ်

 

MDN