အဝေးကွင်း Eibar မှာ ၂ ဂိုးပြတ်နိုင်ခဲ့တဲ့ Cadiz အသင်း

၃၁  အောက်တိုဘာ

ဒီကနေ့မနက် အစောပိုင်းမှာ ကစားခဲ့တဲ့ စပိန်လာလီဂါမှာ အိုက်ဘာအသင်းဟာ ၎င်းရဲ့အိမ်ကွင်းမှာ ကားဒစ်ကို ၂ ဂိုးပြတ်နဲ့ အရေးနိမ့်ခဲ့ပါတယ်။ ကားဒစ်အတွက်ကတော့ ပွဲစဉ် ၈ ကစားလို့အပြီးမှာ အဆင့် ၂ ကို ယာယီတက်လာခဲ့ပါတယ်။ ဂိုးတွေကိုတော့ ပွဲကစားချိန် ၃၆ မိနစ်မှာ Álvaro Negredoက ဦးဆောင်ဂိုးစသွင်းခဲ့ပြီး၊ ၃၉ မိနစ်မှာ Salvi Sánchez က ဒုတိယအနိုင်ဂိုးကို သွင်းယူခဲ့ပါတယ်။

 

ခုည ၇ နာရီခွဲမှာ Real Madridနဲ့ SD Huesca  ၊ ည ၉ နာရီ ၄၅ မိနစ်မှာ Athletic Clubနဲ့ Sevilla ၊ ည ၁၂ နာရီမှာ Osasunaနဲ့ Atletico Madrid ၊ မနက်ဖြန်မနက် ၂ နာရီခွဲမှာ Deportivo Alavesနဲ့ Barcelona တို့ ပွဲတွေကစားဖို့ ရှိနေပါတယ်။

Source – AFP

 #MRTV