အုတ်တွင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကျင်းပ


အုတ်တွင်း ဩဂုတ် ၁၀

 

ပဲခူးတိုင်းဒေသကြီး အုတ်တွင်းမြို့နယ်၌ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယနေ့ နံနက်ပိုင်းတွင် ဥယျာဉ်တော်ကျေးရွာ ရွှေကျောင်းကုန်းဘုန်းတော်ကြီးကျောင်း ဇမ္ဗူမဏ္ဍိုင်ဓမ္မာရုံ၌ ကျင်းပသည်။

 

ဦးစွာ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ်အုပ်ချုပ်ရေးမှူး ဦးအောင်ကိုကိုက အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်၊ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ဇင်မာမြင့်၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦး၊ မြို့နယ်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှ ဒေါက်တာထက်ယမုံဦးတို့က တရားဥပဒေစိုးမိုးရေး၊ ရပ်ရွာအေးချမ်းသာယာရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများကို ကဏ္ဍအလိုက် ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက်လာသည့် ပြည်သူများက ဒေသဖွံ့ဖြိုးရေးနှင့် ပတ်သက်၍ သိရှိလိုသည်များ ဆွေးနွေးခဲ့ကြောင်း သိရသည်။

 

ခင်ခင်မာ(ပြန်/ဆက်)