အုတ်တွင်း စက်တင်ဘာ ၁၆
ပဲခူးတိုင်းဒေသကြီး တောင်ငူခရိုင် အုတ်တွင်းမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျေးလက်ဒေသဖွံ့ဖြိုးရေးခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်းကို ယမန်နေ့မွန်းလွဲပိုင်းက ပေါက်တောကျေးရွာအုပ်စု ပေါက်တောကျေးရွာ ဘုန်းတော်ကြီးကျောင်း ဓမ္မာရုံ၌ ကျင်းပသည်။
ပြည်သူ့စကားဝိုင်းတွင် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဝင်းမြင့်က ကျေးလက်ဒေသ ဖွံ့ဖြိုးရေးဆိုင်ရာ အကြောင်းအရာများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအဏ္ဏဝါအောင်က စိုက်ပျိုးရေး၊ မွေးမြူရေး၊ လမ်းတံတားနှင့် ကျေးလက်ဒေသဖွံ့ဖြိုးရေးအကြောင်းအရာများ၊ မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒေါက်တာထက်ယမုံဦးက မွေးမြူရေးနှင့်ကုသရေးဆိုင်ရာ အကြောင်းအရာများ၊ ကျေးလက်လမ်းဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ယုလေးအောင်က ကျေးရွာလမ်း၊ တံတားများဖွံ့ဖြိုးရေးလုပ်ငန်းများ၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးအောင်ဆန်းဦးက စိုက်ပျိုးရေးလုပ်ငန်းများကို ရှင်းလင်းဆွေးနွေးပြီး တက်ရောက်လာသူများနှင့် အပြန်အလှန် မေးမြန်းဆွေးနွေးခဲ့ကြသည်။
အဆိုပါ ပြည်သူ့စကားဝိုင်းသို့ ဒေသခံပြည်သူ ၁၅၀ ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
ခင်ခင်မာ(ပြန်/ဆက်)


