အုတ်ဖို သြဂုတ် ၂၄
ပဲခူးတိုင်းဒေသကြီး အုတ်ဖိုမြို့နယ် ရှားတောကွင်းကျေးရွာအုပ်စု စိန်ချောင်းကျေးရွာနေ ပြည်သူများအား ကျေးရွာမြေငှား ဂရန်ပေးအပ်ပွဲကို မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ သြဂုတ် ၂၄ ရက်က ကျင်းပသည်။
အခမ်းအနားတွင် သာယာဝတီခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ခရိုင်အုပ်ချုပ်ရေးမှူး ဦးတင်ကျော်ဝင်းက အမှာစကားပြောကြားပြီး ခရိုင်အုပ်ချုပ်ရေးမှူးနှင့် သက်ဆိုင်ရာ တာဝန်ရှိသူများက ကျေးရွာနေပြည်သူ ၆၂ ဦး၏ လက်ဝယ်သို့ မြေငှားဂရန် ၁၀ ဒသမ ၈၉၈ ဧကကို ပေးအပ်ခဲ့ကြောင်း သိရသည်။
အောင်သူ(အုတ်ဖို)


