အသင်းနည်းပြအဖြစ် ဆက်ရှိနေစေရေးအတွက်အမ်မရီအား အာဆင်နယ်က တစ်လအချိန်ပေးထား

၅   နိုဝင်ဘာ

အာဆင်နယ်အသင်းဟာ လက်ရှိအသင်းနည်းပြအမ်မရီအား အသင်းနည်းပြအဖြစ် ဆက်လက်ရှိ နေစေရေးအတွက် တစ်လအချိန်ပေးထား တယ်လို့ ဆိုပါတယ်။

နည်းပြအမ်မရီရဲ့ အာဆင်နယ်အသင်းအနေနဲ့ လက်ရှိပရီမီယာလိဂ်မှာ ရမှတ် ၁၇ မှတ်နဲ့ အမှတ်ပေးဇယား အဆင့် နေရာမှာ ရပ်တည်နေတာ ဖြစ်ပေမယ့် ရလဒ်ပိုင်းတွေဆိုးရွားခဲ့တာကြောင့် အသင်းနည်းပြအဖြစ်ကနေ ထုတ်ပယ်ဖို့အထိတောင် အာဆင်နယ်အသင်းက စီစဉ်ခဲ့တာ ဖြစ်ပါတယ်။

နည်းပြအမ်မရီကတော့ အခုနှစ်ဘောလုံးရာသီမှာ အဆင့် ၄ နေရာဝင်ဖို့ မျှော်လင့်ထားတဲ့အတွက် သူ့ရဲ့နည်းပြဘ၀ကို ချက်ချင်းထုတ်ပယ်ဖို့ မဖြစ်နိုင်ဘူးလို့ ဆိုပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းဟာ လာမယ်တစ်ပတ်မှာ ကစားမယ့် လက်စတာစီးတီးအသင်းနဲ့ ပွဲစဉ်မှာ လက်စတာစီးတီးအသင်းကို ရှုံးနိမ့်ခဲ့မယ်ဆိုရင်တော့ အဆင့် ၄ နေရာက ချယ်လ်ဆီးအသင်းနဲ့ ကိုးမှတ်အထိ ကွာဟသွားမှာ ဖြစ်ပါတယ်။

အာဆင်နယ်အသင်းကတော့ နည်းပြအမ်မရီရဲ့ စွမ်းဆောင်ရည်ကို လာမယ့်တစ်လစောင့်ကြည့်သွားဖို့ ဆုံးဖြတ်ထားပြီး ထင်သလို မဖြစ်ခဲ့ပါက အသင်းလက်မဲ့ဖြစ်နေတဲ့ နည်းပြမော်ရင်ဟိုနဲ့ အစားထိုးဖို့တောင် စီစဉ်ထားတယ်လို့ သတင်းတွေထွက်ပေါ်နေတာ ဖြစ်ပါတယ်။ ။

အာဆင်နယ်အသင်းနဲ့ ဗိုလ်ဗာဟမ်တန်အသင်းတို့ တစ်ဖက်တစ်ဂိုးစီ သရေရလဒ်ထွက်ပေါ်ခဲ့တဲ့ ပရီမီယာလိဂ် ပွဲစဉ်ပြီးတဲ့နောက်မှာတော့ အာဆင်နယ်ပရိသတ် ၅၅၀၀၀ ကျော်က အွန်လိုင်းကနေ မဲပေးခဲ့ရာ နည်းပြအမ်မရီကို ထုတ်ပယ်ဖို့ ရာခိုင်နှုန်းက ၈၈ ရာခိုင်နှုန်းအထိ ရှိထားခဲ့တာ ဖြစ်ပါတယ်။

ပရိသတ်တချို့ကလည်း နည်းပြအမ်မရီကိုထုတ်ပယ်ပြီး မန်စီးတီးအသင်းနည်းပြ ဂွါဒီယိုလာရဲ့ နံပါတ် ၂ လက်ထောက်နည်းပြဖြစ်တဲ့ မိုက်ကယ်အာတီတာကို ခေါ်ယူဖို့လည်း တောင်းဆိုကြပါတယ်။ နည်းပြ အမ်မရီကတော့ အာဆင်နယ်အသင်းကနေ ထွက်ခွာဖို့ဆိုတာ မဖြစ်နိုင်သေးဘူးလို့ ဆိုပါတယ်။

ငွေကြယ်