ဝါရှင်တန် ဩဂုတ် ၂၀
OpenAI က အသက် ၁၈ နှစ်အောက် အသုံးပြုသူများအတွက် ဘေးကင်းလုံခြုံရေးဆိုင်ရာ ကာကွယ်မှုများ ထပ်မံဖြည့်စွက်ထားသည့် ChatGPT ဗားရှင်းသစ်တစ်ခုကို မိတ်ဆက်သွားမည်ဖြစ်ကြောင်း ပြောကြားသည်။
အမေရိကန်အခြေစိုက် နည်းပညာဖွံ့ဖြိုးရေးကုမ္ပဏီ OpenAI က “ChatGPT for Teens” ကို ဩဂုတ် ၁၈ ရက်တွင် မိတ်ဆက်ကြောင်း ကြေညာခဲ့သည်။ OpenAI က ၎င်း၏စနစ်အသုံးပြုသူသည် အသက် ၁၈ နှစ်အောက်ဖြစ်သည်ဟု ခန့်မှန်းသတ်မှတ်ပါက သို့မဟုတ် အသုံးပြုသူကိုယ်တိုင် အသက် ၁၃ နှစ်မှ ၁၇ နှစ်အတွင်းဖြစ်ကြောင်း ဖော်ပြပါက Teen Version သို့ အလိုအလျောက် ပြောင်းလဲသတ်မှတ်ပေးသွားမည် ဖြစ်သည်။
ယင်းစနစ်သည် မိမိကိုယ်ကို အန္တရာယ်ပြုခြင်း၊ အစားအသောက်နှင့်ဆိုင်သော စိတ်ကျန်းမာရေး ပြဿနာများအပြင် လိင်ပိုင်းဆိုင်ရာ အလွန်ရှင်းလင်းသည့် အသေးစိတ်ဖော်ပြချက်များ သို့မဟုတ် အကြမ်းဖက်မှုများကို အသေးစိတ်ဖော်ပြထားသည့် အကြောင်းအရာများအပါအဝင် အန္တရာယ်မြင့်မားသည့် အကြောင်းအရာများနှင့်ပတ်သက်သည့် စကားပြောဆိုမှုများကို ကန့်သတ်ထားကြောင်း သိရသည်။
အင်န်အိတ်ချ်ကေ


