အသက် ၁၀၃ နှစ်ပြည့် စစ်မှုထမ်းဟောင်းအဖွဲ့ဝင်တစ်ဦးအား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်

မြစ်ကြီးနား ဩဂုတ် ၃

 

ကချင်ပြည်နယ် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့ဝင် တစ်ဦးဖြစ်သူ တပ်သားဒေါင်လွမ်း (အငြိမ်းစား) အား မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့က ယနေ့နံနက်ပိုင်းတွင် အသက် ၁၀၃ နှစ်ပြည့် ဂါရဝပြု ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

 

အခမ်းအနားတွင် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့မှ တာဝန်ရှိသူများက အသက် ၁၀၃ နှစ်ပြည့် တပ်သားဒေါင်လွမ်း (အငြိမ်းစား)အား ဂါရဝပြုနှုတ်ဆက်စကားပြောကြားပြီး မြန်မာနိုင်ငံ စစ်မှုထမ်းဟောင်းအဖွဲ့ဗဟိုဌာနချုပ် ကချင်ပြည်နယ် စစ်မှုထမ်းဟောင်း ကြီးကြပ်ရေးအဖွဲ့နှင့် မြစ်ကြီးနားမြို့နယ် စစ်မှုထမ်းဟောင်းအဖွဲ့တို့က ပေးအပ်ချီးမြှင့်သည့် ဂုဏ်ပြုချီးမြှင့်ငွေများကို ဂါရဝပြုပေးအပ်ခဲ့ကြောင်း သိရသည်။  

သတင်းစဉ်