နေပြည်တော် ဩဂုတ် ၂၄
၂၀၂၆ ခုနှစ် ASEAN Hyundai Cup Championship အမျိုးသား ဘောလုံးပြိုင်ပွဲ၏ ဗိုလ်လုပွဲ(ဒုတိယအကျော့ပွဲစဉ်အဖြစ်) ဗီယက်နမ် အမျိုးသားလက်ရွေးစင်အသင်းနှင့် ထိုင်းအမျိုးသားလက်ရွေးစင်အသင်းတို့သည် ဩဂုတ် ၂၆ ရက် ည ၇ နာရီခွဲတွင် ဗီယက်နမ်နိုင်ငံ ဟနွိုင်းမြို့ရှိ မိုင်ဒင်းအားကစားကွင်း၌ ယှဉ်ပြိုင်ကစားကြမည်ဖြစ်ရာ အဆိုပါပွဲစဉ်ကို ယင်းနေ့ည ၇ နာရီ ၁၅ မိနစ်တွင် MRTV Sports Channel နှင့် MRTV Entertainment Channel တို့မှ တိုက်ရိုက်(Live) ထုတ်လွှင့်ပြသမည်ဖြစ်သည်။
သတင်းစဉ်


