အရှေ့အလယ်ပိုင်းပဋိပက္ခနောက်ပိုင်း နယူးဇီလန်နိုင်ငံ၌ဓာတ်ဆီဈေးနှုန်းများ အမြင့်ဆုံးအဆင့်သို့ ရောက်ရှိ

အောက်တိုဘာ ၅

နယူးဇီလန်နိုင်ငံရှိဓာတ်ဆီဈေးနှုန်းများသည် အရှေ့အလယ်ပိုင်းပဋိပက္ခနောက်ပိုင်းတွင် အမြင့်ဆုံးအဆင့်သို့ မြင့်တက်ခဲ့သည်ဟု လောင်စာစောင့်ကြည့်ရေးဝက်ဘ်ဆိုက် Gaspy အရ သိရသည်။

Gaspy ဖော်ပြချက်အရ ယနေ့တွင် 91-octane unleaded ဓာတ်ဆီ ပျမ်းမျှဈေးနှုန်း တစ်လီတာလျှင် နယူးဇီလန်ဒေါ်လာ ၃ ဒသမ ၅၀၅ (အမေရိကန်ဒေါ်လာ ၁ ဒသမ ၉၆ ခန့်) ရှိခဲ့သည်။ လတ်တလော ဓာတ်ဆီဈေးနှုန်း မြင့်တက်လာခြင်းသည် Brent ရေနံစိမ်းဈေးနှုန်း တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၀ အထက်တွင် အချိန်ကာလတစ်ခုကြာ ဆက်လက်တည်ရှိနေပြီး နောက်ပိုင်းဖြစ်ပေါ်လာခြင်းဖြစ်သည်။  Brent ရေနံစိမ်းဈေးသည် ယနေ့တွင် တစ်စည်လျှင် အမေရိကန်ဒေါ်လာ ၁၀၁ ဒသမ ၅ ခန့် ဖြင့် အရောင်းအဝယ်ဖြစ်နေကြောင်း ဖော်ပြထားသည်။

နယူးဇီလန်ဒေါ်လာသည်လည်း ဩဂုတ်လကစပြီး လွန်ခဲ့သောနှစ်လအတွင်း ခုနစ်ရာခိုင်နှုန်းခန့် တန်ဖိုးကျဆင်းခဲ့သည်။ လက်ရှိပေါက်ဈေး: နယူးဇီလန် ၁ ဒေါ်လာလျှင် အမေရိကန်ဒေါ်လာ ၅၅ ဒသမ ၈ ဆင့် (0.558 USD) ခန့်သာ ရှိကာ တစ်နှစ်အတွင်း အနိမ့်ဆုံးအဆင့် နီးပါးကို ရောက်ရှိသွားသည်ဟု RNZ က ဖော်ပြခဲ့သည်။

နယူးဇီလန်ဒေါ်လာတန်ဖိုးကျဆင်းခြင်းကြောင့် နိုင်ငံခြားမှတင်သွင်းသည့် လောင်စာဆီများသည် ပိုမိုဈေးကြီးလာကာ ဓာတ်ဆီဈေးနှုန်းများ မြင့်တက်လာရန် ဖိအားပိုမိုဖြစ်ပေါ်စေသည်ဟု သိရသည်။

ကိုးကား-ဆင်ဟွာ

ဘာသာပြန်-မြင့်မြင့်ချို